NEWS

နေပြည်တော်မှာ တရုတ်ကပေးတဲ့ အသင့်သုံးရုံးခန်းတွေနဲ့ယာယီရုံးလုပ်ငန်းတွေ လုပ်ဆောင်နေဟုဆို

CoverLogo
572 Views
 
ပြီးခဲ့တဲ့မတ်လအတွင်းက လှုပ်ခဲ့တဲ့ အင်အားအကြီးဆုံးငလျင်ကြောင့် နေပြည်တော် မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးဌာန ရုံးတွေမှာ တရုတ်ကပေးပို့တဲ့ အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ ရုံးခန်းတွေနဲ့ ယာယီရုံးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
တရုတ်အစိုးရက စစ်ကောင်စီအတွက် အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ရုံးခန်း (Modular prefabricated− office) ၃၄၀ ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး မေလ ၇ ရက်က စလို့ ပထမအသုတ်အနေနဲ့ အသင့်သုံးရုံးခန်းပါတဲပေါင်း ၁၀၈လုံး ရောက်ရှိအသုံးပြုနေပြီလို့ အသိပေးထားပါတယ်။
 
"အခုက နေပြည်တော်ကဝန်ကြီးဌာနရုံးနဲ့စစ်ဘက်ရုံးတွေ ဒီမတ်လ ၂၈ ရက်ကငလျင်ကြီးလှုပ်အပြီး အတော်ပျက်စီးမှုများတယ်။အချို့ရုံးတွေလည်းအစည်းအဝေးလုပ်နေတုန်း ပြိုကျလို့ ဌာနဆိုင်ရာ အရာရှိတချို့သေဆုံးခဲ့ရတာတွေလည်းရှိတော့ မူလရုံးအဆောက်အအုံကြီးတွေမှာ စစ်ကောင်စီရဲ့အကြီးအကဲတွေ ရုံးထိုင်တာမျိုးတွေမလုပ်ကြတော့ဘူး။ အခုလည်းတရုတ်ကပို့တဲ့အသင့်သုံးရုံးခန်းတွေကိုပဲဌာနတချို့ကစသုံးနေကြပြီ ယာယီရုံးလို့ပြောထားတယ်။ ငလျင်သိပ်မထိတဲ့ ရုံးအဆောက်အအုံတွေမှာတော့ ယာယီရုံးတွေမရောက်ခင် ပုံမှန်လုပ်ငန်း လုပ်နေကြအရာရှိငယ်တွေနဲ့ ဝန်ထမ်းတွေကတော့ ငလျင်အပြီးတစ်ပတ်လောက်ထဲက ရုံးပြန်တက်နေရတာပါ။ ငလျင်ကြောင့်အရမ်းမထိတဲ့ အဆောက်အအုံနေရာတွေမှာ ပြောင်းရွှေ့ရုံးလုပ်ငန်းလုပ်နေရပေမယ့် မူလ အကောင်းအတိုင်းမဟုတ်တော့တဲ့ အဆောက်အအုံတွေဖြစ်လို့ အလုပ်လုပ်နေရပေမယ့်စိုးရိမ်စိတ်နဲ့ လုပ်နေရပါတယ်"လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
ကယ်ဆယ်ရေးခေါင်းစဉ်အောက်ကနေ ပေးပို့ခဲ့တဲ့ ရုံးခန်းတွေကို တရုတ်အစိုးရက ရန်ကုန်သီလဝါ ဆိပ်ကမ်းကို ပေးပို့ပေးခဲ့ပြီး သီလဝါဆိပ်ကမ်းကတဆင့် မီးရထားတွဲ ၅၄ တွဲနဲ့ နေပြည်တော် ရွာတော်ဘူတာကို သယ်ဆောင်ခဲ့ပြီးနောက်ရောက်ရှိလာတဲ့ အသင့်သုံးရုံးခန်းတွေကို စစ်ကောင်စီရဲ့ ဝန်ကြီးဌာနရုံးခန်းတွေအဖြစ် အသုံးပြုနိုင်ဖို့ ကုန်တင်ကား ၁၆ စီးနဲ့တင်ဆောင်ကာ ဥပ္ပါတသန္တိစေတီတော် ရှေ့ရှိ တပေါင်းကွင်းမှာ နေရာချထားခဲ့ပြီး ဝန်ကြီးဌာနအလိုက် ရုံးခန်းတွေကိုခွဲတမ်းချပေးခဲ့တယ်လို့သိရပါတယ်။
 
လက်ရှိမှာယာယီရုံးတွေကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးကို ၂၅ လုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကို ၅ လုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အလုံး ၃၀ နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ၄၄ လုံး ဖြန့်ဝေနေရာချထား ပေးခဲ့တယ်လို့ သိရပြီး ကျန်ရှိတဲ့ ၄ လုံး အသုံးပြုမယ့်နေရာကိုတော့ မသိရှိရသေးပါဘူး။
နောက်ထပ်လည်း ကျန်ရှိနေတဲ့ တရုတ်အစိုးရက ထောက်ပံ့တဲ့အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ရုံးခန်း (Modular prefabricated− office) တွေ၂၃၆လုံး မြန်မာနိုင်ငံ ကို ထပ်မံပေးပို့လာဦးမယ်လို့ ဆိုပါတယ်။
 
လက်ရှိ နေပြည်တော်တွင် လုံး၀ ပျက်စီးသွားပြီး သုံးစွဲ မရသော ရုံးဌာနများအနေဖြင့် ဇေယျာသီရိရှိ စစ်ရုံး၊ နိုင်ငံ တော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး ၊ အလုပ်သမားဝန်ကြီးဌာနရုံး ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စက်မှုဝန်ကြီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး တို့မှာ ငလျင်ကြောင့် လုံး၀ ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
 
"ယာယီရုံးတွေ သတ်မှတ်တဲ့နေရာမှာ စစ်ရုံးနဲ့ သမ္မတရုံးကတော့ ယာယီရုံးနေရာတွေ ရသွားပြီ။ တရားလွှတ် တော်ရုံးချုပ်ရုံး နဲ့ ခုံရုံးတို့လည်း ယာယီရုံးတွေ ရပြီ။ တချို့ရုံးတွေကတော့ ကားပါကင်နေရာမှာ ယာယီတဲတွေနဲ့ ရုံးဖွင့်နေရတာလည်းရှိတယ်" ဟု နေပြည်တော်မှ ဝန်ထမ်းသတင်းရင်းမြစ်က ပြောပါတယ်။
 
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့်နေပြည်တော်မှာ ဌာနဆိုင်ရာ/ရုံး အဆောက်အအုံ ပေါင်း ၃၆၇၈ လုံးပျက်စီးခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026