NEWS

နိုင်ငံသားစိစစ်ရေးကတ် အသစ်လျှောက် ၆ကျပ်၊ပျောက်ဆုံး/ပျက်စီး ၁၀ ကျပ်သတ်မှတ်ထားပြီး သတ်မှတ်နှုန်းထက်ပိုမိုတောင်းခံပါက တိုင်ကြားနိုင်ဟုဆို

CoverLogo
822 Views
 
နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ဆောင်တာ မှာအသစ်လျှောက်ပါက ၆ကျပ်၊ ပျောက်ဆုံးပျက်စီး လို့ မိတ္တူလျှောက်ထားရင် ၁၀ ကျပ်နဲ့ဆောင်ရွက်ပေးနေကာသတ်မှတ်နှုန်းထက် ပိုမို တောင်းခံပါက တိုင်ကြားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြည်တွင်းသတင်း မီဒီယာ ရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားထားပါတယ်။
 
ဝန်ကြီးဌာနအနေနဲ့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ နဲ့တရားဝင်သတ်မှတ်ထားတဲ့ သတ်မှတ်နှုန်းထားဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်စတင်လျှောက်ထားရင် ၆ ကျပ်၊ ပျောက်ဆုံး/ပျက်စီးလို့ မိတ္တူလျှောက်ထားရင် ၁၀ ကျပ်နဲ့ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
 
ယင်းကောက်ခံရရှိတဲ့ ငွေကြေးကို နိုင်ငံတော် နိုင်ငံတော်ဘဏ္ဍာကို ပေးသွင်းရတာဖြစ်ပြီး သတ်မှတ် ထားတဲ့ အတိုင်းမဟုတ်ဘဲ မိမိဆန္ဒအလျောက် ငွေကြေးတောင်းခံတဲ့ ဝန်ထမ်းများ ကို ဖြစ်စဉ်စိစစ်ပြီး ပေါ်ပေါက် ပါက နိုင်ငံဝန်ထမ်းဥပဒေနဲ့ အညီအရေးယူဆောင်ရွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူကဖြေကြားထားပါတယ်။
 
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကုန်းသာအုပ်စု၊ ကုန်းသာကျေးရွာ စာသင်ကျောင်းမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန က မှတ်ပုံတင်မရှိသေးသူ တွေနဲ့ ပျောက်ဆုံးသူတွေအတွက် ဆောင်ရွက်ပေးတာမှာမှတ်ပုံတင်အသစ်ပြုလုပ်လိုရင် ၂၆ဝဝဝ ကျပ် ပေးရပြီး ၊မှတ်ပုံတင်ပျောက်ရင် ၄၀၀၀ဝ ကျပ် ပေးရတဲ့အတွက် ပိုက်ဆံမတတ်နိုင်သူတွေမှတ်ပုံတင် ပြုလုပ်ဖို့ အခက်ကြုံနေကြောင်း ကျေးရွာနေပြည်သူ တစ်ဦး က သတင်းမီဒီယာတစ်ခုကတစ်ဆင့် တင်ပြခဲ့တဲ့ အပေါ် ဝန်ကြီးဌာနက အခုလို ဖြေကြားပေးတာဖြစ်ပါတယ်။
 
ယခု တင်ပြတာနဲ့ပက်သက်ပြီး ဘယ်အချိန် ဘယ်နေရာ ဘယ်ဝန်ထမ်းကို ပေးခဲ့ကြောင်း နစ်နာသူပြည်သူက လက်မှတ်ထိုး တင်ပြဖို့ ဝန်ကြီးဌာနက အကြောင်းပြန်ထားပါတယ်။
 
နစ်နာသူရဲ့ တင်ပြလာတဲ့ အပေါ် စိစစ်ပြီး မှန်ကန်မှုရှိပါက တာဝန်ရှိတဲ့ ဝန်ထမ်းတွေ ကို နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရဲ့ ပြန်လည်ဖြေကြားထားပါတယ်။
 

Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026