NEWS

နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်

CoverLogo
338 Views
နိုင်ငံခြားသားက မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ကာ မြန်မာအမျိုးသမီးငယ် များ ကို အယောင်ဆောင် လက်ထပ်ကာ နိုင်ငံမှ ခေါ်ဆောင်သွားတဲ့ လူကုန်ကူးမှု ဖြစ်စဉ် တွေ များ ပြားလာတဲ့ အတွက် နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာ ပြုလုပ်မှု ကို ပိုမို စိစစ်ဆောင်ရွက် ဖို့ ပြည်ထောင်စုတရားလွှတ် တော်ချုပ်က နိုဝင်ဘာ၁၇ရက် ရက်စွဲဖြင့် (၁/၂၀၂၅ )နဲ့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
 
ညွှန်ကြားချက်တွင် တရားရုံးများမှာ နိုင်ငံခြားသားနဲ့လက်ထပ်လိုသူ မြန်မာအမျိုးသမီးတို့ရဲ့ အခွင့်အရေးများ ဆုံးရှုံးမှု မရှိစေဖို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြောင်းလဲ လာတဲ့ အခြေနေတွေ အရ နိုင်ငံခြားသားတွေဟာမြန်မာနိုင်ငံအတွင်းကိုလာရောက်ပြီး မြန်မာအမျိုးသမီးငယ်‌ တွေကို ဖြားယောင်းကာ အယောင်ဆောင်လက်ထပ်ပြီး နိုင်ငံကနေခေါ်ဆောင်သွားတဲ့လူကုန်ကူးမှုဖြစ်စဉ်တွေ များပြားလာတာကို တွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။
 
ဒါကြောင့် အယောင်ဆောင် လက်ထပ်ထိမ်းမြားတာကို ကာကွယ်ရန် အတွက်လက်ထပ် ထိမ်းမြားကျမ်းကျိန်လွှာ ပြုလုပ်ပေးရန် လျှောက်ထားလာပါက ပိုမိုအလေးထား စီစစ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
 
ထိမ်းမြားလက်ထပ်မယ့် နိုင်ငံခြားသားရဲ့ နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံမှာ ရက်ပေါင်း၃ဝ အထက်နေထိုင်ခွင့် Visa အထောက် အထား၊ Visa နဲ့ နေထိုင်စဉ်မှာ လက်ထပ် ထိမ်းမြားမယ့်အကြောင်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန သို့တင်ပြရန်၊ယခုထိမ်းမြားလက်ထပ်မှုကို သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအရ တားမြစ်မှုမရှိကြောင်းဆိုတဲ့ အထောက်အထားတွေကို တင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လူပျို/လက်ရှိအိမ်ထောင်မရှိသူ(ကွာရှင်း/အိမ်ထောင်ဖက် သေဆုံးအ ထောက်အထား)၊ သက်ဆိုင်ရာနိုင်ငံရဲ့အ မြဲတမ်းနေရပ်လိပ်စာနဲ့ အလုပ်အကိုင်၊ ဝင်ငွေ၊ ရာဇ၀တ်မှုကင်းရှင်းကြောင်း အ ကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက် ခံချက်တွေကိုလည်းတင်ပြရမှာဖြစ်ပါတယ်။
 
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက သက်ဆိုင်ရာက ထုတ်ပေးထားတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်၊ နိုင်ငံခြားသားတွေနဲ့ ထိမ်းမြားပါက နိုင်ငံသားဖြစ်ခွင့်ရှိမရှိ သက်ဆိုင်ရာနိုင်ငံရဲ့ထောက်ခံချက်၊ မွေးဖွားလာတဲ့ သားသမီးတွေ နိုင်ငံသားဖြစ်တည်ခွင့် စတဲ့အချက်တွေကို ဆောင် ရွက်ဖို့ ညွှန်ကြားထားပါတယ်။
 
လက်ရှိမှာ တရုတ်နိုင်ငံသား၊ ကိုရီးယား နဲ့ ဂျပန်နိုင်ငံသား တွေက မြန်မာအမျိုးသမီးတွေကို ငွေကြေးဖြင့် တင်​တောင်းကာ အယောင်ဆောင် လက်ထပ်တာ နဲ့ လက်ထပ်ပြီး လူကူန်ကူးတဲ့ ဖြစ်စဉ်တွေ အလွန်များပြား နေတာ​ကြောင့် နစ်နာမှု​တွေ ဖြစ်​ပေါ်​နေတယ်လို့ သိရပါတယ်။

Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026