NEWS

ဒေါ်လာနှင့် ရွှေဈေး အနည်းငယ်မြင့်တက်လာ

CoverLogo
595 Views

အောက်တိုဘာ စတုတ္ထပတ်အတွင်း အမေရိကန်ဒေါ်လာနှင့် ရွှေဈေးအနည်းငယ် မြင့်တက်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။ 

အောက်တိုဘာ တတိယပတ်အတွင်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၆၁သိန်း အထိရှိ​ပေမယ့် 
အောက်တိုဘာ ၂၃ရက်က စတင်ပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်လျှက်ရှိပြီး လက်ရှိတွင် အကယ်ဒမီရွှေ ၁ ကျပ်သားလျှင် ၆၅သိန်းကျော်အထိရှိလာတာဖြစ်ပါတယ်။ 

ယခုရက်ပိုင်းအတွင်း ရွှေဈေးအတက်မြန်နေတာ​ကြောင့်လည်း ရွှေဆိုင်အချို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့(စ သုံးလုံး)က ရှောင်တခင်ဝင် ရောက်စစ်ဆေးမှုရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေး ၁ ဒေါ်လာ ၄၂၀၀- ၄၄၀၀ကျပ်အတွင်း အဝယ်အရောင်းရှိခဲ့ပြီး လက်ရှိ အောက်တိုဘာ စတုတ္ထပတ်အတွင်း  ၄၅၀၀-၄၇၀၀ ကျပ် ဝန်းကျင်အထိ ဈေးတက်လျှက်ရှိ ပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၂၂ရက်က စတင်ပြီး ယာယီ ပိတ်ပစ် ခဲ့တာ ဖြစ်ပြီး အဆိုပါ တရုတ်နယ်စပ်ဂိတ် ပိတ်ခံရမှုကို အကြောင်းပြုပြီး ဒေါ်လာဈေးကစားမှုများ ရှိလာသဖြင့် ဒေါ်လာဈေးတက်လာရခြင်း ဖြစ်တယ်လို့ ဒေါ်လာ ရောင်းဝယ် ပြုလုပ်နေသူ တစ်ဦး ပြောပါတယ်။ 

“တရုတ်နယ်စပ်ဂိတ် ပိတ်လိုက်ပြီးထဲက ဒေါ်လာဈေးက နည်းနည်းချင်း တက်လာတယ်။ ရှင်းရှင်း ပြောရရင် ဈေးကစား ကြတာပေါ့။ ဟိုအရင် ၆၀၀၀ ကျော် ၇၀၀၀ ကျော် အထိ ဈေးတက်ခဲ့တုန်းက ပိုက်မိထားတဲ့သူတွေ လည်း ရှိနေတော့။ အခုချိန်မှာ ဈေးကစားပြီး ဒေါ်လာဈေးကို ပြန်ဆွဲတင်ကြတာ။  အရင်အပတ်ကထက် သုံးလေးရာ တက်လာတယ်။ ရှေ့လျှောက် ထပ်တက်လာမလား ပြန်ကျမလား စောင့်ကြည့်ရမယ်” လို့ ဒေါ်လာ ဝယ်ရောင်းပြုလုပ်နေသူ ကိုမင်းမင်း(အမည်လွှဲ) က ဆိုပါတယ်။  

ဒေါ်လာအနည်းငယ် မြင့်တက်လာမှုကြောင့် နိုင်ငံခြားက မှာယူတင်သွင်းရသော ကုန်ပစ္စည်းများ ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ဖွယ်ရှိ​နေပါတယ်။ 

 

 


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026