NEWS

ဒေါ်လာနှင့် ရွှေဈေး အနည်းငယ်မြင့်တက်လာ

CoverLogo
354 Views

အောက်တိုဘာ စတုတ္ထပတ်အတွင်း အမေရိကန်ဒေါ်လာနှင့် ရွှေဈေးအနည်းငယ် မြင့်တက်လာတယ်လို့ စုံစမ်း သိရှိရပါတယ်။ 

အောက်တိုဘာ တတိယပတ်အတွင်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၆၁သိန်း အထိရှိ​ပေမယ့် 
အောက်တိုဘာ ၂၃ရက်က စတင်ပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်လျှက်ရှိပြီး လက်ရှိတွင် အကယ်ဒမီရွှေ ၁ ကျပ်သားလျှင် ၆၅သိန်းကျော်အထိရှိလာတာဖြစ်ပါတယ်။ 

ယခုရက်ပိုင်းအတွင်း ရွှေဈေးအတက်မြန်နေတာ​ကြောင့်လည်း ရွှေဆိုင်အချို့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့(စ သုံးလုံး)က ရှောင်တခင်ဝင် ရောက်စစ်ဆေးမှုရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေး ၁ ဒေါ်လာ ၄၂၀၀- ၄၄၀၀ကျပ်အတွင်း အဝယ်အရောင်းရှိခဲ့ပြီး လက်ရှိ အောက်တိုဘာ စတုတ္ထပတ်အတွင်း  ၄၅၀၀-၄၇၀၀ ကျပ် ဝန်းကျင်အထိ ဈေးတက်လျှက်ရှိ ပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၂၂ရက်က စတင်ပြီး ယာယီ ပိတ်ပစ် ခဲ့တာ ဖြစ်ပြီး အဆိုပါ တရုတ်နယ်စပ်ဂိတ် ပိတ်ခံရမှုကို အကြောင်းပြုပြီး ဒေါ်လာဈေးကစားမှုများ ရှိလာသဖြင့် ဒေါ်လာဈေးတက်လာရခြင်း ဖြစ်တယ်လို့ ဒေါ်လာ ရောင်းဝယ် ပြုလုပ်နေသူ တစ်ဦး ပြောပါတယ်။ 

“တရုတ်နယ်စပ်ဂိတ် ပိတ်လိုက်ပြီးထဲက ဒေါ်လာဈေးက နည်းနည်းချင်း တက်လာတယ်။ ရှင်းရှင်း ပြောရရင် ဈေးကစား ကြတာပေါ့။ ဟိုအရင် ၆၀၀၀ ကျော် ၇၀၀၀ ကျော် အထိ ဈေးတက်ခဲ့တုန်းက ပိုက်မိထားတဲ့သူတွေ လည်း ရှိနေတော့။ အခုချိန်မှာ ဈေးကစားပြီး ဒေါ်လာဈေးကို ပြန်ဆွဲတင်ကြတာ။  အရင်အပတ်ကထက် သုံးလေးရာ တက်လာတယ်။ ရှေ့လျှောက် ထပ်တက်လာမလား ပြန်ကျမလား စောင့်ကြည့်ရမယ်” လို့ ဒေါ်လာ ဝယ်ရောင်းပြုလုပ်နေသူ ကိုမင်းမင်း(အမည်လွှဲ) က ဆိုပါတယ်။  

ဒေါ်လာအနည်းငယ် မြင့်တက်လာမှုကြောင့် နိုင်ငံခြားက မှာယူတင်သွင်းရသော ကုန်ပစ္စည်းများ ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ဖွယ်ရှိ​နေပါတယ်။ 

 

 


Related posts

Cover
ဆာဗာချိုယွင်းမှုကြောင့်ဆိုကာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ယာယီရပ်ဆိုင်း
Aug 05, 2025
Cover
စစ်မှုထမ်းဟောင်းများ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း အဖြစ်လုပ်ကိုင်လိုပါက ခွင့်ပြုချက်တောင်းခံရမည်
Jul 29, 2025
Cover
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းထောင်မှ အောင်မြင်သူ ၁၇ ဦး တွင် ဂုဏ်ထူးပါသူ ၁၄ ဦးရှိ
Jul 28, 2025
Cover
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ
Jul 24, 2025
Cover
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်မည်
Jul 24, 2025
Cover
၂၄ နာရီ အတွင်း မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်မြင့်တက်မည်ဟု မိုးဇလ သတိပေး
Jul 24, 2025
Cover
အလုပ်အကိုင်အခွင့်လမ်း ၁၀၀၀၀ ခန့်ရရှိမယ့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခု ကို စစ်ကောင်စီခွင့်ပြု
Jul 22, 2025
Cover
နှစ်ဝက်အတွင်းလူကုန်ကူးမှု ၈၀ အရေးယူခဲ့ဟု စစ်ကောင်စီထုတ်ပြန်
Jun 30, 2025