NEWS

ဒီနေ့မှာတော့ NUGရဲ့ငွေတိုက်စာချုပ်ရောင်းချမှု ၂၄ နာရီအတွင်းဒေါ်လာ ၉.၅ သန်းဖိုးရောင်းရတဲ့သတင်းအပါအ၀င် တစ်နေ့တာ သတင်းအကျဉ်းချုပ်ကို ဖော်ပြပေးသွားမှာပါ။

CoverLogo
1.7K Views

ဒီကနေ့ နိုဝင်ဘာ၂၃ ရက်နေ့ Myanmar Labour News ရဲ့တနေ့တာသတင်းများအကျဥ်းချုပ်အစီအစဥ်မှာတော့ NUG ရဲ့ငွေတိုက်စာချုပ်၂၄ နာရီအတွင်းဒေါ်လာ ၉.၅ သန်းဖိုးရောင်းရတဲ့သတင်းကစမှာပါ။

နိုဝင်ဘာ ၂၂ ရက်နေ့ကစရောင်းခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ငွေတိုက်စာချုပ်ကိုဝယ်ယူအားပေးတဲ့ပြည်သူတွေများတာကြောင့် ဒေါ်လာ ၉.၅သန်းဖိုးရောင်းချခဲ့ရပြီလို့ NUG ရဲ့သတင်းအရင်းမြစ်တွေကဆိုပါတယ်။

  • ပြည်တွင်းခုခံတော်လှန်ရေးသတင်းများ

ရန်ကုန်မှာတော့ စမ်းချောင်းဂွစျေးနားကပုသိမ်လမ်းထောင့်မှာ ကျူးတွေလာရှင်းတဲ့ စကစတပ်တွေနဲ့စည်ပင်ဝန်ထမ်းတချို့ဗုံးထိတယ်လို့ဆိုပါတယ်။ သေဆုံးထိခိုက်မှု့ကိုတော့ခုလက်ရှိအခြေအနေအထိသီးခြားအတည်မပြုနိုင်သေးပါဘူး။

လှိုင်သာယာမှာတော့ တပ်ရင်းမှူးထိုင်တဲ့အဆောက်အအုံထိပ်ကိုလှိုင်သာယာပြည်သူ့ကာကွယ်ရေးတပ်က ၄၀မမ ဗုံးပစ်လောက်ချာနဲ့သမပါတယ်။ ဗုံးသီးကအဆောက်အအုံရဲ့ခေါင်မိုးထိပ်တည့်တည့်ကျတာဆိုတော့ထိခိုက်သေဆုံးရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများအား ဒေသကာကွယ်ရေးမဟာမိတ် ၇ ဖွဲ့မှ နိုဝင်ဘာလ ၂၃ ရက် တစ်ရက်အတွင်း ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်အတွင်း သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော ၂ စီးနှင့် စက်သေနတ်တပ်ဆင်ထားသော အမြန်ယာဉ် ၁ စီးအား မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ရိုးအောက်ဒေသ) က ယနေ့ နေ့လယ် ၁ နာရီနှင့် ၂ နာရီကြားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရိက္ခာတင်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးကာ မီးခိုးများထွက်ပြီး အခြားသင်္ဘော ၁ စီးဖြင့် ဆွဲခေါ်သွားတယ်လို့မင်းကင်း PDF ကသတင်းထုတ်ပြန်ပါတယ်။

ပြည်မြို့နဲ့မနီးမဝေးက ပေါင်းတလည်ရေကြည်ရွာကို ဒလန်သတင်းပေးလို့စစ်တပ်ကစစ်ကား၇စီးနဲ့ လာဝိုင်းပါတယ်။ရွာဦးကျောင်းဆရာတော်ကိုလဲစစ်လားမေးလားလုပ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

မကွေးတိုင်း ဆောမြို့နယ်၊ အောက်လက်မွန်ကျေးရွာနှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF၊  YDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်လက်မွန်ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ ဖျက်ဆီးနေကြောင်း သတင်းရရှိပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များမှ ဒေသခံပြည်သူများအား ဘေးကင်းရာအရပ်သို့ ရောက်ရှိရန် လုံခြုံရေးယူပေးနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်လက်မွန်ကျေးရွာရှိ နေအိမ်အချို့အား မီးရှို့ ဖျက်ဆီးနေကြောင်း CDF တပ်ဖွဲ့ဝင် ၁ ဦးထံမှ သိရှိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာနှင့် ပလ္လင် ကျေးရွာများကို ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၅နာရီက စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ ကျေးရွာများအနီးရှိ မုံရွာပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (MPDF) တပ်ခွဲစခန်း နှင့် မဟာမိတ်စခန်းတစ်ခု အပါအဝင် ဆိုင်ကယ် ၄ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း MPDF အဖွဲ့ထံမှ သိရပါတယ်။

ထို့သို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) တပ်ခွဲစခန်း နှင့် မဟာမိတ် စခန်း တစ်ခုတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်း ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခြင်း မရှိကြောင်း၊ ဒေသခံ ပြည်သူများကို အပြစ်မရှိ အ​ပြစ်ရှာ ဖမ်းဆီးမှုများကြောင့် အဆိုပါ ကျေးရွာများ အတွင်းရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များကို ယနေ့ နံနက်ပိုင်း ခြုံခိုတိုက်ခိုက်ခဲ့သော PDF-Kalay တပ်ဖွဲ့ဝင်များကို ပြည်သူများ သောင်းသောင်းဖျဖျ အောင်သပြေများနှင့်ကြိုဆိုကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရပါတယ်။

ယနေ့ PDF -Kalay တပ်ဖွဲ့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် နိုဝင်ဘာလ ၂၃ ရက်နံနက် ၁၁ နာရီခွဲအချိန် ၂ ကြိမ် ဆက်တိုက် ဗုံးပေါက်ကွဲကြောင်း ၊ လျှပ်စစ်ရုံးမှ ဝန်ထမ်းများ အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိကြောင်း ၊ လျှပ်စစ်ရုံးရှေ့တွင် ရပ်ထားသောဆိုင်ကယ်တစ်စီးတွင် ချိတ်ထားသည့်အိတ်အတွင်းမှ ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုတွင်ရှိသည့် တကူရဲကင်းစခန်းကို ဒေသကာကွယ်ရေး ဓူဝံတော်လှန်ရေးတပ်ဖွဲ့က  မိုင်းခွဲပြီးမီးရှို့လိုက်ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက် ည ၉ နာရီ ၄၅ မိနစ်မှာ တကူရဲကင်းစခန်းကို မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းသည် စစ်ကောင်စီတပ်များ တကူရွာသို့ လာရောက်သည့်အချိန်တပ်စွဲပြီး ရွာသူရွာသားများကိုဖမ်းဆီးခြိမ်း ခြောက်မှု ပြုလုပ်သည့်နေရာဖြစ်ကြောင်း ဓူဝံတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

  • ပြည်သူများဖမ်းဆီးခံရမှု့အခြေအနေ

မန္တလေးကUGအဖွဲ့တွေဆက်တိုက်ဆိုသလိုဖမ်းဆီးခံနေရတာတွေရှိနေလို့သတိထားကြဖို့သတိပေးတာတွေရှိနေပါတယ်။

စစ်ကောင်စီကဖမ်းဆီးထားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသားတွေကိုဒီကနေ့မှာပဲထောင်၁၀နှစ်ချလိုက်တယ်လို့သိရပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026