NEWS

ဒီဇင်ဘာ ၈ ရက်နေ့ တစ်နေ့တာ သတင်းအကျဉ်းချုပ်

CoverLogo
1.6K Views

၁. ကမ္ဘာအရပ်ရပ်ကပြည်သူတွေအပါအဝင် မြန်မာနိုင်ငံမှာအများစုအသုံးပြုနေတဲ့ လူမှု့ကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ဖေ့ဘုတ်(ခေါ်)မယ်လ်တာကစစ်ကောင်စီနဲ့ပတ်သက်သမျှကို လူမှု့ကွန်ယက်စာမျက်နှာပေါ်ကဖယ်ရှားမယ်လို့ ကြေညာလိုက်ပါတယ်။

၂. ရွာသား ၁၁ ဦး မီးရှို့သတ်ခံရတဲ့ဒုံးတောရွာမှာ အလောင်း ၁ လောင်းထပ်တွေ့ တဲ့အပြင် ဒုံးတောအပါအဝင် ကျေးရွာ ၈ ရွာက လူ ၅၀၀၀  ကျော် ရွာကိုစွန့်ပြီး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

၃. ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး နာရီဝက်ကြာတိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့ကြောင်း  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က သတင်းထုတ်ပြန်ပါတယ်။

၄. တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ရှားရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်က သတိပေးချက်ထုတ်ပြန်ပါတယ်။အဆိုပါနေရာများတွင် မပေါက်ကွဲသေးသည့် ဗုံးဆံများနှင့် စစ်ကောင်စီတပ်များက မိုင်းများထောင်ထားခဲ့လေ့ရှိတာကြောင့် ပြည်သူများ မသွားရောက်ကြဖို့ သတိပေးချက်ထုတ်ပြန်ပါတယ်။

၅. ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အိန္ဒိယစစ်ဦးစီးချုပ် သေဆုံးသွားကြောင်း အိန္ဒိယလေတပ်က အတည်ပြု ကြေညာလိုက်ပါတယ်။

၆. နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်မှ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃၁၈ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့မှတ်တမ်းအရသိရပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026