NEWS

ဒီဇင်ဘာ ၇ ရက်နေ့သတင်း အကျဉ်းချုပ်

CoverLogo
1.1K Views
  1. ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်ကို  မြန်မာကိုယ်စားလှယ် အဖွဲ့ အကြီးအမှူး အဖြစ် ဒီဇင်ဘာ ၆ ရက်က အတည်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
  2.  စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးရွာတချို့ကို  အကြမ်းဖက်စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သဖြင့် PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ဒီပဲ ယင်းပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
  3. စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ၊ဒုန်းတောရွာတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံရွာသား  ၁၁ ဦးကို  ကြိုးတုတ်ပြီး မီးရှို့သတ်ဖြတ် ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
  4. စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်းက ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော ရွာသာ ဘိန်းနွယ်ချောင် ကျေးစာကျ အုံတုံပင် မြပင်စည် မြရွှေစည် အောင်မိုး စတဲ့ ကျေးရွာများမှ ပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေထံက သိရပါတယ်။
  5. စစ်တိုင်းကလေးမြို့ တောင်ပိုင်း ၊ ချောင်းခွရွာ နေ ဦးငွန်နယ်ထန်းကို  အကြမ်းဖက်စစ်တပ်မှ ဒီဇင်ဘာ ၅ ရက်တွေင် တောင်ယာခင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးမြေထူးရွာတွင် အိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ သံဖိုရွာက မောင်လားရိုမွာလ်ကို ဒီဇင်ဘာ ၄ ရက်တွင် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ယင်း ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအနေနှင့် မိမိတို့နီးစပ်ရာ ပြည့်သူ့ကာကွယ်ရေးတပ်တို့၏အသိပေးချက်ကိုအချိန်မှီလိုက်နာကာ၊ပူးပေါင်းပါဝင်ပေးကြရန်နှင့် အကြမ်းဖက်စစ်တပ်လှုပ်ရှားမှုဟူသမျှကို ပြည့်သူ့ကာကွယ်ရေးတပ်တို့ထံ အသိပေးကြပါရန် အလေးအနက်ထား သတိပေးလိုပါတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
  6. ရန်ကုန်၊ မန္တလေး ၊ထားဝယ် အစရှိတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေးအတွက် ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မှ တိတ်ဆိတ်ခြင်းသပိတ် Silent Strike ပြုလုပ်သွားမှာ ဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံးက ပြည်သူများ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
  7. ရန်ကုန် ကမာရွတ်တွင် ပြည်သူများ သံပုံးတီးနေစဉ် စစ်ကားဖြင့် ဝင်လာပြီး အကြမ်းဖက်စစ်သားများက  ပြည်သူပိုင်  ကားအစီးရေ ၃ဝ ကျော်ကို  မှန်များရိုက်ခွဲပြီး ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
  8. နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၁၃၀၅)ဦးရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
     

Related posts

Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026