NEWS

ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ

CoverLogo
231 Views
 
ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ကို အကျဉ်းထောင်အလုပ်တွေစေခိုင်းနေပြီး လုပ်ကိုင်ဖို့ ငြင်းဆန်သူတွေ ကို ထောင်အာဏာပိုင်တွေက ပါဆယ်ပို့ခွင့် ပိတ်ပင်ခြင်းနဲ့ တိုက်ပိတ်အကျဉ်းချခြင်းတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့( WOPP)က အောက်တိုဘာ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။
 
၎င်းအကျဉ်းထောင်မှ အမျိုးသမီး နိုင်ငံရေးအကျဉ်းကျသူတွေ ကို အကျဉ်းထောင်အလုပ်တွေ ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခိုင်းခြင်း၊ချိုးရေအသုံးပြုတဲ့ရေကန် တွေကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ ရေကန်စောင့် (ဘာယာ)ပြုလုပ်ခြင်း၊အကျဉ်းထောင်ဝန်ထမ်းတွေ အသုံးပြုတဲ့ မိလ္လာသန့်ရှင်းရေးအပါအဝင် ထောင်အာဏာပိုင်တွေရဲ့ ဝေယျာဝိစ္စရပ်တွေကိုပါ အလုပ်ခိုင်းစေနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့( WOPP)ထံမှ သိရပါတယ်။
 
အခုလို အလုပ်ခိုင်းစေမှု ကို ငြင်းဆန်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စက်တင်ဘာလ က စပြီး နှစ်ပတ်တခါ အကျဉ်းထောင်အတွင်း ပို့ဆောင်ခွင့်ရတဲ့ ပါဆယ် ကို ဟင်း၂မျိုး ကော်ဖီ ၇ထုပ် ခေါက်ဆွဲ ၅ထုပ်သာ ပေးပို့ခွင့်ပြုတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသူ တွေ အနေနဲ့ မိသားစု နဲ့ထောင်ဝင်စာ တွေ့ဆုံတဲ့အခါ အလွန်အမင်း တင်းကြပ်ထားရှိပြီး မိသားစု တွေကို အကျဉ်းထောင်အတွင်း နေထိုင်မှု တွေ အကြောင်း ပြောပြတဲ့ နိုင်ငံရေးအကျဉ်းသူ တွေကို တိုက်ပိတ်အကျဉ်းချထားကြောင်း သိရှိရပါတယ်။
 
အကျဉ်းထောင် ဥပဒေအရ နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းခိုင်းစေခြင်းမပြုရကြောင်း၊တရားရုံးအမိန့်စာတွင် အလုပ်ကြမ်းနှငိ့ထောင်ဒဏ်ပါမှသာခိုင်းစေနိုင်ကြောင်း သိရပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/သူ များ ကို ဖိနှိပ်မှုမျိုးစုံ ပြုလုပ်သလို ကျန်းမာရေး ချို့တဲ့ပါကလည်း လုံလောက်စွာ ဆေးကုသခွင့်မရခြင်းအချိန်မှီဆေးကုသမှုမရခြင်းတို့ကြောင့် သေဆုံးမှုများရှိရာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကျဆုံးခဲ့ရတဲ့ နိုင်ငံအကျဥ်းသား ၂၈ ဦးအထိရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Related posts

Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026