NEWS

ဒိုက်ဦးနှင့် သာယာ၀တီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများ အရေပြားကူးစက်ရောဂါ ဆိုးရွားစွာခံစားနေရဟုဆို

CoverLogo
15 Views
 
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်နဲ့သာယာ၀တီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူတွေ အရေ ပြားကူးစက်ရောဂါ ဆိုးရွာစွာခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အသိပေးချက်အရ သိရပါတယ်။
 
ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင် မှာ အခန်းတစ်ခခုတည်းတွင် အကျဉ်းသားတွေ ကို စုပြုံထားတဲ့ အတွက် အရေပြားရောဂါ များ ဖြစ်ပွားနေသလိုသာယာ၀တီ အကျဉ်းထောင်မှာလည်း နေရာထိုင်ခင်း ကျပ်တည်းခြင်းနဲ့ သောက်သုံးရေလုံလောက်စွာ မရတဲ့ အတွက် အကျဉ်းသားတွေ မှာ အရေပြားဆိုင်ရာ ကူးစက်ရောဂါ တွေ ဆိုးရွားစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။
 
အခုလို အကျဉ်းသားတွေ ကူးစက်ရောဂါ ဆိုးရွားစွာ ခံစားနေရပေမယ့် ဆေးကုသမှု လုံလောက်စွာ မရရှိ ဘူးလို့ AAPP က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်း သားတွေဆီ ကနေ ထောင်ပိုင်ရဲ့ မတရား ငွေကြေးတောင်းခံတာတွေ ခံနေရတဲ့အပြင် အမျိုးမျိုးသော ဖိနှိပ်တာတွေလည်း ကြုံတွေ့နေရတယ်လို့ အသိပေးထားပါတယ်။
 

Related posts

Cover
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် လုပ်သားနှစ်ဦးသေဆုံး
Sep 16, 2025
Cover
ဒလတံတားစီမံကိန်း ရေလယ်ပင်မတံတား Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းလုပ်ရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း ရေယာဉ်များ မဖြတ်သန်း ဖို့ အသိပေး"
Sep 16, 2025
Cover
နိုင်ငံသားစိစစ်ရေးကတ် အသစ်လျှောက် ၆ကျပ်၊ပျောက်ဆုံး/ပျက်စီး ၁၀ ကျပ်သတ်မှတ်ထားပြီး သတ်မှတ်နှုန်းထက်ပိုမိုတောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Sep 14, 2025
Cover
အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု အစီရင်ခံစာထွက်ရှိ
Sep 11, 2025
Cover
နိုင်ငံခြားသားအချို့ ဘာသာစကားသင်တန်းအမည်ခံဖွင့်လှစ်ကာ မြန်မာအမျိုးသမီးများကို လက်ထပ်ဖို့ စည်းရုံးပြီးလူကုန်ကူးနေဟု စစ်ကောင်စီပြော
Sep 10, 2025
Cover
ဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံးဘားအံအကျဉ်းထောင်တွင် နိုင်ကျဉ်း ၁၂ ဦး ရိုက်နှက်တိုက်ပိတ်ခံရကာ ၁ ဦးသေဆုံး
Sep 08, 2025
Cover
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ စလစ်ရပြီး စာအုပ်မထွက်သူများနေ
Sep 08, 2025
Cover
မြန်မာက ဆာလောင် အာဟာရချို့တဲ့မှုတွေအတွက် ကိုရီးယားက ကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေပံ့ပိုး
Sep 07, 2025