NEWS

ဒလတံတားစီမံကိန်း ရေလယ်ပင်မတံတား Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းလုပ်ရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း ရေယာဉ်များ မဖြတ်သန်း ဖို့ အသိပေး"

CoverLogo
327 Views
 
ဒလတံတား စီမံကိန်းရှိ ရေလယ်ပင်မတံတားမှ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းတွေ ကို စက်တင်ဘာ ၁၇ ရက်နေ့မှ၂၀ရက်အထိ ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် လုပ်ငန်းများဆောင်ရွက်နေစဉ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း မည်သည့်ရေယာဉ်မျှ ဖြတ်သန်းခြင်းမပြုဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားပါတယ်။
 
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအထိမ်းအမှတ်တံတားတစ်စင်းဖြစ်တဲ့ ရန်ကုန်-ဒလ တံတား ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုး တပ်ဆင်ခြင်းလုပ်ငန်း ကို ၂၀၂၅ ခုနှစ် ဩဂုတ်လကုန် ပိုင်းမှာ တပ်ဆင်ပြီးစီးခဲ့ကာ ယခုအခါ ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့တဲ့ Form Traveler ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ် ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဖြုတ်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၈) နာရီမှ (၁၈) ရက် နံနက် (၈) နာရီအထိလည်းကောင်း၊ စက်တင်ဘာလ (၁၉) ရက် နံနက် (၈) နာရီမှ (၂၀) ရက် နံနက် (၈)နာရီအထိလည်းကောင်း မည်သည့်ရေယာဉ်မျှ ဖြတ်သန်းခုတ်မောင်းသွားလာခြင်း မပြုဖို့ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
 
ဒလတံတားကို စီမံကိန်း ကို ယခုနှစ်ဒီဇင်ဘာမှာ အပြီးဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026