NEWS

ထန်တလန်မှာဒုတိယအကြိမ်မီးထပ်ရှို့ခံရတဲ့သတင်း အပါအဝင်နိုဝင်ဘာ ၂၄ရက်တနေ့တာသတင်းများအနှစ်ချုပ်များစုစည်းမှု

CoverLogo
1K Views

ပြည်တွင်းခုခံတော်လှန်မှု့သတင်းများ

ဒီကနေ့သတင်းတွေကတော့ ရန်ကုန်သန်လျင်က မြဝတီဘဏ်ဒီကနေ့မနက်ပိုင်းမှာပဲဗုံးကွဲတာနဲ့စရမှာပါ။စစ်ကောင်စီတပ်တွေလုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲစစ်တပ်ပိုင်မြဝတီဘဏ်ရှေ့မှာ ဗုံးပေါက်လို့တပ်တွေတော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်လို့ဆိုရမှာပါ။

ဒီကနေ့မှာတော့ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ခုခံတိုက်ခိုက်မှု့ကြောင့်ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်းနှင့် မကွေး အဓိက မြို့ကြီးတွေမှာ စစ်ကောင်စီ တပ်သားအယောက် ၄၀ လောက်သေဆုံး ခဲ့တယ်လို့သိရပါတယ်။

ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအကြား ဒဂုံမြို့သစ်တောင် ပိုင်း၊ မြောက်ပိုင်းနှင့်မဂ်လာဒုံမြို့နယ်က ရဲနှင့်ဝန်ထမ်းလိုင်းခန်းများတွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရပါတယ်။

တောင်ဒဂုံ၊ အမှတ် ၂ လမ်းပေါ် က ထောက်ပို့ ဝန်ထမ်းလိုင်းခန်းတွင် ဗုံးတစ် လုံး၊ တောင်မြောက်လမ်းဆုံ ရဲလိုင်းခန်းတွင် ဗုံးတစ်လုံး၊  ဧရာဝဏ်ရဲလိုင်းခန်းတွင် ဗုံး ၂ လုံး မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအကြား ပေါက်ကွဲခဲ့တယ်လို့လည်းဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုတွေကို တော့ ACPL အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ၊ MGDN PDF မဂ်လာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ SSUG တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစု တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ယင်းအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ယမန်နေ့ညပိုင်းကလည်း လှိုင်သာယာရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ဗုံး ၆ လုံးဖြင့် ဖောက်ခွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။

မန္တလေး၊ အနောက် ၄၁ လမ်း၊ မိုးကောင်းညဈေးအနီး လာရောက်ဈေးဝယ်သော စစ်ကောင်စီကား ၁ စီးအား ဗုံးပစ်တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။

မကွေးတိုင်း၊ ကျောမြို့မှတဆင့် ဂန့်ဂေါမြို့ဘက်သို့ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပုံညာတောင်ခြေရင်း၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က မိုင်းခွဲကာ တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကာ ဒဏ်ရာပြင်းထန်သူများရှိကြောင်း YDF က သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန် ရေနံတင်ကား ၅ စီးအတွက် လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခြင်း၊ မိုက်ဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ရာ အနည်းဆုံး စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Myaing PDF က 
သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း-မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ နေရာအား မိုင်းရှင်းရန်လာရောက်သော စစ်ကောင်စီ ယာဉ် ၂ စီးအား ယနေ့ နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Black Eagle Decence Force - မြင်းမူတို့က မိုင်ဆွဲတိုက်ခိုက်သဖြင့် စစ်သား ၅ ဦးခန့်သေဆုံး၊ ၃ ဦးအပြင်းအထန် ဒဏ်ရာရကာ ကား ၁ စီးမှာ လုံးဝပျက်စီးသွားကြောင်း မြင်းမူ-PDF က သတင်းထုတ်ပြန်ပါတယ်။

ယနေ့ ညနေ ၄ နာရီ သံဖြူဇရပ်မှ ရေးသို့ လူစီးကားဖြင့် လိုက်ပါလာသော ရဲများကို ရေးမြို့နယ်၊ အောင်သာယာ ကျေးရွာနှင့် ကနင်ကမော့ကျေးရွာအကြား မိုင်တိုင် ၆၉ အနီးတွင် ကြားဖြတ်မိုင်းဖြင့် တိုက်ခိုက်ရာ အနည်းဆုံး ရဲ ၆ ဦးသေဆုံးကြောင်း ရေး PDF က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ  ( ၂၄ )  ရက်နေ့တွင်   မြင်းမူမြို့   Black Eagle Defence Force -MMUအဖွဲ့ဦးဆောင်ပြီး Myin Mu Defence Force-MMDF ၊မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊People's Defence Force Myinmu-MMPDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM  စသည့်   ညီနောင်မဟာမိတ်(၅)ဖွဲ့မှ   မဟာမိတ်စစ်ဆင်ရေးအဖြစ်  မုံရွာမှ  စစ်ကိုင်းသို့သွားသည့် စစ်ကား ( ၄ ) စီးအား  မိုင်းဆွဲ  တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ပြည်သူများဖမ်းဆီးခံရမှု့နှင့်ပြည်သူ့အိုးအိမ်ဖျက်ဆီးခံရမှု့များ

ချင်းပြည်နယ်ထန်တလန်မြို့ကိုစစ်ကောင်စီတပ်ကဒီကနေ့မှာပဲဒုတိယအကြိမ်မီးထပ်ရှို့တယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကသက်သေနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်တွင် PDF ၃ ဦးကျဆုံးခဲ့ပြီး နေပြည်တော် PDF ၈ ဦး အဖမ်းခံရကြောင်း သိရှိရပါတယ်။

တိပိဋကယောဆရာတော်ကြီးသီတင်းသုံးနေသည့်ရန်ကုန်ကျောင်းတိုက်ကိုလဲစစ်တပ်ဆရာတော်ကြီးသီတင်းသုံးဝပ်ပြုနေတဲ့အချိန်မှာပဲ ဖိနပ်မချွတ်ပဲဝင်စီးခဲ့တယ်လို့သိရပါတယ်။ဝင်စီးပြီးပြန်ထွက်သွားတဲ့အချိန်မှာလဲရိုင်းရိုင်းစိုင်းစိုင်းပြောဆိုသွားသေးတယ်လို့ဆိုပါတယ်။

စစ်တပ်သတင်းပေးနှင့်ပျူစောထီးသေဆုံးမှု့

ရန်ကုန်၊ မုံရွာ၊ ခင်ဦးတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး စုစုပေါင်း ၉ ဦး ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဆယ်ကြီးတောကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတစ်ဦးအပါအဝင် ပျူစောထီး၃ဦး ဒီကနေ့မနက်ပိုင်းက Monywa Satanအဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သည်ဟု သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီခန့်က အရှ့ဒဂုံ (၅) ရပ်ကွက်စျေးထိပ်ရှိ လက်ဖက်ရည်ဆိုင်အနီး  အရှေ့ဒဂုံမြို့နယ် မှ စစ်ကောင်စီခန့်  ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးတင်ထွန်းအောင်ကို ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ၄ ချက် လာရောက်ပစ်ခတ်သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၂၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်ကြည် ကိုအမည်မသိအဖွဲ့က ယနေ့ နံနက်ပိုင်း ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်၊။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ရှာလွင်ရွာသား ပျူစောထီး အဖွဲ့ဝင်ဖြစ်သူ ကျော်ထိန်ကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လည်းကောင်း၊ ငါးတင်းကြီးကျေးရွာသား ပျူစောထီးအဖွဲ့ဝင် ဇော်မင်းထွန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း တောကြီးမြွေဟောက်-ခင်ဦးက သတ်ဖြတ်လိုက်ကြောင်း သိရှိရပါတယ်။

တော်လှန်သော သပိတ်အင်အားစုများရဲ့ လှုပ်ရှားမှုများ

ရန်ကုန်ရဲ့ သပိတ်တွေကတော့ အားကောင်းဆဲပါ။နှစ် ၆၀ ကြာ ဖက်ဆစ်တပ် ၂၁ မှာ အမြစ်ဖြတ်ဆိုတဲ့ သာကေတ မြို့နယ်က ဆန္ဒဖော်ထုတ်မှုနဲ့ အင်းစိန်လမ်းမပေါ်က ပုန်ကန်နေဆဲ ရန်ကုန်သူပုန် သပိတ်တွေ ပါ။

မန္တလေး စစ်ကိုင်း မုံရွာ မကွေး စစ်ကိုင်း တို့မှာ ဒေသခံတွေရဲ့ လူထုသပိတ်ချီတက်မှုကအားကောင်းနေပါတယ်။

ဒါကတော့ဒီကနေ့သတင်းအနှစ်ချုပ်စုစည်းမှု ပါ။
 


Related posts

Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ
Jun 18, 2025
Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025