NEWS

တရုတ်နှစ်သစ်ကူးနေ့​ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီ ကြေညာ

CoverLogo
1.2K Views

၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နဲ့ တရုတ်နှစ်သစ်ကူးနေ့တို့ ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်လို့ ဇူလိုင်လ ၈ရက် တွင် စစ်ကောင်စီ က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ထိုသို့ ထုတ်ပြန်ရာ မှာ မြန်မာနိုင်ငံသည် နိုင်ငံတကာ မိသားစုဝင် နိုင်ငံတနိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်တဲ့ ဇန်နဝါရီ လ ၁ရက်နေ့ နိုင်ငံတကာ နှစ်သစ်ကူးနေ့ ကို အများပြည်သူပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ် နှစ်သစ်ကူးနေ့ကိုလည်း ဒေသအတွင်း အခြား အာဆီယံ နိုင်ငံများကဲ့သို့ လည်းကောင်း အချို့သော ကမ္ဘာ့နိုင်ငံများ ကဲ့သို့ လည်းကောင်း အိမ်နီးချင်း မိတ်ဖက်နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံ နဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ကို ပိုမို ခိုင်မာစေတဲ့ အနေ နဲ့ လည်းကောင်း မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

တရုတ်နှစ်သစ်ကူး ကို အများပြည်သူရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးတဲ့ အပေါ် ရန်ကုန်ရှိ တရုတ်သံရုံးကသံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ အခုလို ရေးသားထားပါတယ်။

"၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောကနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့၌ အတူတကွကျင်းပသည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားအား တက်ရောက်ခဲ့တယ်"လို့ဆိုပါတယ်။

အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews
Gmail Link- myanmarlabournews@gmail.com


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026