NEWS

တရက်တည်း ကျပ် ၂ သိန်းကျော်ထိမြင့်တက်ခဲ့တဲ့ အခေါက်ရွှေဈေး တကျပ်သားလျင် ၅၅ သိန်း ၅ သောင်းထိဖြစ်လာ

CoverLogo
871 Views

ဒီကနေ့မေလ ၂၈ရက်နေ့ ညနေပိုင်း မြန်မာ့ရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင်ငွေကျပ် ၅၅ သိန်း ၅ သောင်းအထိ စျေးမြင့်တက်လာခဲ့ရာ တစ်နေ့တည်းမှာပင်ငွေကျပ်နှစ်သိန်းကျော်အထိ မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြင်ပရွှေ ဈေးကွက်မှတစ်ဆင့်သိရပါတယ်။ 

"ဒီနေ့ မနက်ပိုင်းမှာ စျေးစဖွင့်တော့ ၅၃ သိန်း ၅ သောင်းနဲ့စဖွင့်တာ။ ၁၂အကျော်မွန်းလွဲပိုင်းမှာ ၅၄ သိန်း ၆ သောင်း။ အခု ညနေကျ ၅၅ သိန်း ၅ သောင်းဆိုတော့  တစ်နေ့တည်းကို ရွှေစျေးက တစ်ရက်တည်းမှာပဲ ၂ သိန်းကျော်အထိတက်သွားတယ်။ ဒီအတိုင်းဆိုရွှေဈေးက ၅၀ အောက်မဆင်းနိုင်တော့ဘူး။ တက်ရင်တောင်၇၀လောက်အထိတက်နိုင်တယ်လို့မှန်းနေကြတာ။  ရွှေကတော့ အပိုင်းလိုက်ရောင်းတာ၊ အထုပ်လိုက် ရောင်းတာတွေတော့ ရပ်သွားတယ်။ ဘယ်သူမှ ထုတ်မရောင်းတော့ဘူး။" လို့ ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုပါတယ်။

မြန်မာ့ရွှေစျေးမြင့်တက်ခြင်းမှာ ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက် မြင့်တက်လာရခြင်းကြောင့်ဖြစ်ပြီး လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၀၀ ကျပ်ဖြင့် စျေးပေါက်နေပြီး၊ ကမ္ဘာ့ရွှေစျေးမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၆၆ ဝန်းကျင်ရှိနေပေမဲ့ မြန်မာ့ရွှေစျေး တစ်ခုတည်း အတက်ဘက်သို့ စံချိန်တင် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဲဒီလိုအမြင့်ဈေးတန်းမှာရှိနေခဲ့တာကြောင့် ပြည်တွင်းရွှေဈေးကွက်အရ ရွှေထုတ်လုပ်ရေး လုပ်ငန်းအများစုဟာ အတုံးအခဲရောင်းဝယ်များစတင်ရပ်နားထားတာတွေပြုလုပ်ထားပြီး လက်ရှိစျေးကွက်မှာလည်း အရောင်းအဝယ်ငြိမ်နေတယ်လို့သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းရဲ့  ၂၀၂၄ ခုနှစ်၊ မေလ ၂၈ရက် နေ့ညနေပိုင်း အကယ်ဒမီ မီးလင်းရွှေဈေးကွက် အပိတ် ဈေးနှုန်းဟာ ၃,၉၉၉,၂၀၀ (၃၉သိန်း၉သောင်းကျော်)​​ဖြင့် အကျဈေးရှိနေကာ ယခင်ရက်ပိုင်းထက်အကျ​စျေးဖြင့်သတ်မှတ်ကြေငြာထားပြီး ပြင်ပအခေါက်ရွှေပေါက်ဈေးမှာ ၅၅ သိန်း ၅ သောင်း ဖြစ်ကာ ပြင်ပနိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာဈေးနှုန်းမှာမူ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၄၀၀ ကျပ်နှင့် ၄၅၀၀အထိ ပေါက်ဈေးရှိပြီး အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026