NEWS

တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေ အလုပ်သမားခေါ်ဖို့အခက်တွေ့လာ

CoverLogo
356 Views
 
တစ်နိုင်တပိုင် လုပ်ငန်းငယ်လေးတွေ ဝန်ထမ်းခေါ်ယူရာမှာ လုပ်သား ရှားပါးမှုကြောင့်အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်မြို့က အသေးစားလုပ်ငန်းရှင် တွေထံကသိရပါတယ်။
 
လက်ရှိမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အခြေခံကုန်ကျ စရိတ် များပြားတာကြောင့် လုပ်အားခ မလောက်ငှတာ၊ လုပ်ခပိုရတဲ့ လုပ်ငန်းတွေကိုသာရွေးချယ်လာတာ၊ လုပ်သားရှားပါးမှုတွေအပြင် စစ်မှုထမ်း ခေါ်ယူမှုတွေကြောင့်လည်း တနိုင်တပိုင်လုပ်ငန်းငယ်တွေအတွက် လုပ်သားခေါ်ယူဖို့ အခက်တွေ့လာရတာလို့ ပြောပါတယ်။
 
"အခုကလေ တစ်ရက်တစ်သောင်းပေးပါတယ်။ ဒါပေမယ့်မလောက်ဘူး။ ဆိုင်ကအလုပ်သမား ဆို သူ့အမျိုးသမီးက စက်ရုံဆင်းတော့ အချိန်ပိုတွေနဲ့ဆို ငါးသိန်းအထက်ရတယ်ပြောတယ်။ ခက်တာက တစ်ရက်တစ်သောင်းပေးရတာကို အမအတွက်မလွယ်ဘူး။ ဒီထက်ပိုပေးဖို့လည်း အရောင်းအဝယ်က မရှိဘူး။ ဆိုင်ငှားခတွေ၊ လိုင်စင်ခတွေ၊ အလုပ်သမားခတွေနဲ့ အရင်းတွေ ပြန်တွက်ရင် အမတို့ဖို့ ဘာမှမကျန်ဘူး။ သူတို့အလုပ်ထွက်ရင်လည်း လုပ်ငန်းမလည်ပတ်ဘူး။ ဒီထက်ပေးဖို့လည်း မတတ်နိုင် တော့ဘူး"လို ဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
 
ဝန်ထမ်း ၁၀ ဦးနှင့်အထက်ရှိတဲ့ လုပ်ငန်းတွေမှာ အနည်းဆုံးအခကြေးငွေ တရက်လျင် ၄၈၀၀ ကျပ်နဲ့ အပိုထောက်ပံ့ကြေး ကျပ် ၂၀၀၀ ပေးဖို့ ဝန်ကြီးဌာနက သတ်မှတ်ထားပေမယ့် အဲ့ဒီနှုန်းထားက အမှန်တကယ် ကုန်ကျစရိတ်ရဲ့ ၃ ပုံ ၁ ပုံခန့်သာရှိတော့တာဖြစ်ပါတယ်။
 
"အဓိကက ကုန်ဈေးနှုန်းတက်နေတာပေါ့။ ဆိုင်ငယ်တွေက တစ်နေကုန် အလုပ်လုပ်ရတာ မဟုတ်ဘူး။ အခုဆို အရောင်းတွေပါးတော့ ပိုဆိုးတယ်။ ပြောမယ်ဆို တစ်သောင်းဆိုတာ လက်ကုန်ပဲ။ အခုစက်ရုံတွေက ကလေးတွေပါ မသိချင်ယောင်ဆောင်ပြီး အလုပ်ခန့်တော့ ပိုပင်ပန်းပေမယ့် ပိုက်ဆံရကြတော့ စက်ရုံတွေပဲ ဝင်ကြတော့တယ်"လို့ အဖျော်ယာမကာ ဆိုင် ဖွင့်ထားသူတစ်ဦးကပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းက အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်းအခြားတွေဟာ ပြည်ပနိုင်ငံတွေကို နည်လမ်းအမျိုးမျိုးနဲ့ ထွက်ခွာနေတာကြောင့် လုပ်သားလိုအပ်ချက်ကြီးမားနေသလို ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့အလုပ်သမားတွေလည်း စားဝတ်နေရေးလိုအပ်ချက်တွေကြောင့် ခြွေတာသုံးစွဲနေရပြီး အာဟာရမမျှတမှုတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားအရေးလုပ်ဆောင်သူတွေက ပြောထားပါတယ်။
 
လက်ရှိမှာတော့ အနည်ဆုံးအခကြေးငွေနှုန်းထားဟာ လူတစ်ဦးချင်းရဲ့ တစ်နေ့တာအသုံးစရိတ်ကိုတောင် ပြည့်မီမှု မရှိတာကြောင့် စက်မှုဇုန်လုပ်သားတွေအနေနဲ့ တနေ့အလုပ်ချိန်ထက် ၂ ဆနီးပါး အချိန်ပိုလုပ်ကိုင်နေရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026