NEWS

တစ်နိုင်တပိုင်စားအုန်းဆီဝယ်ယူ‌ရာမှာ အခက်အခဲရှိနေ

CoverLogo
468 Views

စားအုန်းဆီတစ်နိုင်တပိုင်ရောင်းချတဲ့ဆိုင်တွေမှာအရောင်းပိတ်ထားတာကြောင့်လက်လုပ်လက်စားပြည်သူတွေဆီဝယ်ယူနိုင်ဖို့အခက်တွေ့နေပါတယ်။

လက်ရှိမှာစားအုန်းဆီကိုခွဲတမ်းနဲ့ရောင်းချနေတာဖြစ်ပါတယ်။ရပ်ကွက်တွေမှာတော့အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်ဆီဝယ်ယူခွင့်ရတဲ့ကတ်တွေနဲ့အိမ်‌ထောင်တစ်စုကိုငါးဆယ်သားဝယ်ယူခွင့်ပေးတာဖြစ်ပါတယ်။

"ကျွန်မတို့ကဆီကတ်မရဘူးလေ။ဈေးထဲမှာတစ်ထောင်ဖိုးလောက်ပဲဝယ်သုံးရတာ။အခုဆီတွေမရောင်းဘူးဆိုတော့အခက်တွေ့တယ်"လို့ရွှေပြည်သာမြို့နယ်မှာနေထိုင်သူအိမ်ရှင်မတစ်ဦးကပြောပါတယ်။

ရပ်ကွက်အလိုက်ခွဲတမ်းနဲ့ပေးရာမှာလည်းရပ်ကွက်တစ်ချို့မှာသုံးရက်တစ်ခါဆီဝယ်ယူခွင့်ကတ်ရပေမဲ့ မရတော့တဲ့ရပ်ကွက်တွေလည်းရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင်ဆီထုတ်ယူဖို့လည်းလက်လုပ်လက်စားပြည်သူတွေမှာငွေကြေးနဲ့အချိန်အခက်အခဲရှိနေပါတယ်။

"ဆီကတ်ကလာပေးရင်ကိုးနာရီကျော်လေ။ကိုယ်တွေကစက်ရုံသွားပြီ။ပြန်လာတော့မိုးချုပ်တော့ဝယ်မရဘူး။အနားကလူသွားထုတ်ခိုင်းဖို့လည်းငါးရာတစ်ထောင်လောက်မပေးရင်မသွားချင်တော့ကတ်ရလည်းမထုတ်ဖြစ်ဘူး။ကိုယ့်ဘာသာအနားကတစ်ထောင်ဖိုးလောက်ပဲဝယ်လိုက်တယ်။ဆီကတ်ကလည်းမရသလောက်ပါပဲ"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိမှာစားအုန်းဆီရောင်းချတာနဲ့ပတ်သက်ပြီးအစိုးရကသတ်မှတ်ထက်ဈေးနှုန်းကိုသယ်ယူစရိတ်နဲ့အထွေထွေစရိတ်အနည်းငယ်သာပေါင်းထည့်ပြီးရောင်းချဖို့သတ်မှတ်ထားပါတယ်။လက်တွေ့မှာညွှန်ကြားချက်နဲ့အညီရောင်းချမှုရှိ၊မရှိကိုအရပ်ဝတ်တွေနဲ့ရှောင်တခင်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

"အရပ်ဝတ်နဲ့လာဝယ်တော့ရောင်းတာပေါ။အဲဒါမိသွားတော့တစ်ဈေးလုံးခံဝန်ထိုးရတယ်။ထပ်ရောင်းရင်ထောင်သုံးနှစ်နဲ့ဆိုင်ပိတ်မယ်ပြောသွားတယ်။အမတို့ ကတစ်ထောင်ဈေးရောင်းတယ်‌ဆိုတာဝယ်ရတာလည်းသူတို့သတ်မှတ်ထားတဲ့ဈေးမဟုတ်ဘူးလေ။အခုကျကိုယ်ကမရောင်းနိုင်တော့ကိုယ့်ဆီဝယ်နေကျသူတွေပဲသနားမိတယ်"လိုစည်ပင်ဈေးတွင်းဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာစားအုန်းဆီတစ်ပိသာပေါက်ဈေးကိုနေ့စဉ်ထုတ်ပြန်နေပြီးဈေးနှုန်းတည်ငြိမ်ဖို့လုပ်ဆောင်နေတယ်လို့စကစက သတင်းထုတ်ပြန်ထားပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026