NEWS

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်မည်

CoverLogo
1.1K Views
 
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကို လာမယ့် ဇူလိုင် ၂၇ရက် နံနက် ၆နာရီ မှာထုတ်ပြန်ကြေညာမယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာပါတယ်။
 
အောင်စာရင်း ထုတ်ပြန်မယ့် ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝဘ်ဆိုက် မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို သက်ဆိုင်ရာမြို့နယ်က စာစစ်ဌာနကျောင်းတွေမှာ တချိန်တည်း ကြေညာ ကပ်ထားမှာဖြစ် တယ်လို့သိရပါတယ်။
 
ဝေးလံတဲ့ ဒေသ မှာရှိတဲ့ စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုထားပါ
တယ်။
 
ယခုထုတ်ပြန်မယ့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မှာ ယခုနှစ်မတ်လ အတွင်းက ဖြေဆိုခဲ့တဲ့စာဖြေလွှာတွေနဲ့ အတူ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားကာ ပျက်စီးခဲ့ရတဲ့စာဖြေလွှာ တွေ အတွက် ပြန်လည်ဖြေဆိုရတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့နေပြည်တော်ရှိ ကျောင်းသားကျောင်းသူတွေရဲ့ အောင်စာရင်းတွေ ကို ပါ ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
၂၀၂၅ ခုနှစ် မတ်လ မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုတဲ့ကျောင်းသား ကျောင်းသူ ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ငလျင်ကြောင့် စာဖြေလွှာတွေ မီးလောင်သွားတဲ့ အတွက် ပြန်လည် ဖြေဆိုရတဲ့ ကျောင်းသား၊ ကျောင်းသူ ၆၀၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026