NEWS

ညစ်ညမ်းဗီဒီယိုရိုက်ကူးတဲ့ တရုတ်နိုင်ငံသားတွေကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ

CoverLogo
346 Views
 
အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယို live လွှင့်ရိုက်ကူးပြီး ရရှိတဲ့ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ဆောင်ရွက်သူတွေကို လူကုန်ကူးမှုနဲ့ အရေးယူပြီး အလုပ်နဲ့ ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ထုတ်ပြန် ပါတယ်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ၊အပြင်ပဒံကျေးရွာ ၊ရွှေကမ်းသာယာအိမ်ရာမှာ တရုတ်နိုင်ငံသားMr. Wang Shaohua (၃၉)နှစ် (ဘ) ဦးဝမ်းရှင်းဖား ၊ Mr. Yung Kun (၃၇)နှစ် (ဘ)ဦးရန်ပေါင်စွင့် ၊ Mr. Zeng Yuan (၂၉)နှစ် (ဘ) ဦးကျင်းယုံ ကောင်းနဲ့ အဲလစ်စစ် (ခ) နော်မူးရှီးဖော(ခ) ကျဲကျဲ (မ) (၃၂) နှစ် (ဘ) ဦးစောလားချရှီးတို့က မြန်မာအမျိုးသမီး စုံတွဲ လေးတွဲ ကို Sex video Live လွှင့် ရိုက်ကူးပြီး ရရှိတဲ့ အကျိုးအမြတ်တွေ ကို ခေါင်းပုံဖြတ်ယူခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်ခဲ့တဲ့ အတွက် ကျူးလွန်သူ တွေ ကို လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှာ (ပ) ၈၇၆/၂ဝ၂၄၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ) နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာရဲစခန်းက တရားစွဲတင်မှုကို အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂ဝ ရက်မှာ တရားခံ Mr. Wang Shaohuai ၊Mr. Yung Kuni၊ Mr. Zeng Yuan နဲ့ အဲလစ်စစ် (ခ) နော်မူးရှီး ဖော (ခ) ကျဲကျဲ (မ) တို့ လေးဦးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နဲ့ ထောင်ဒဏ်နှစ် (၂၀) စီနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (ခ) အရ အလုပ်နဲ့ထောင်ဒဏ် (၁ဝ) နှစ်စီကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန် ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025