NEWS

ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ် ဖမ်းဆီး သိမ်းယူမှုများကြောင့် ကယ်ရီသမားများ အလုပ်လက်မဲ့ဖြစ်၊ သွားလာရခက်ခဲလာ

CoverLogo
1.2K Views

အခြေခံ လက်လုပ်လက်စား များပြားတဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်ကို ဖမ်းဆီးသိမ်းယူတာတွေ‌ကြောင့် ကယ်ရီသမားတွေနဲ့ ဆက်စပ်တဲ့ အခြေခံပြည်သူတွေ အလုပ်လက်မဲ့ များလာပါတယ်။ 

 

အခုလို သွားလာရေးယာဥ်ငယ်တွေကို အချိန်ပြည့်လိုက်လံဖမ်းဆီး သိမ်းယူနေတာကြောင့် အများပြည်သူတွေ အလုပ်သမားတွေအနေနဲ့ သွားရေး လာရေးပါ အခက်အခဲတွေဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။ 

 

ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ အစိုးရရုံးတွေ ကို ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်တာတွေ ရှိလာတဲ့ နောက်ပိုင်းမှာ ဆိုင်ကယ်ဖမ်းဆီးတာကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဆက်တိုက် လုပ်ဆောင်လာတာပါ။ 

 

''အရင်တုန်းက အဖမ်းခံရရင် ပြန်ရွေးလို့ရတယ်။ အခုကျ မရဘူး။ နောက်ပြီး အခုဖမ်းတာက အရင်လို နေရာတစ်ခုတည်းက စောင့်ဖမ်းတာ မဟုတ်ဘူး။ ပတ်ဖမ်း‌နေတာ။ အရင်ကဆို ဆိုင်ကယ်စီးတဲ့သူ အချင်းချင်း သတိပေးတယ်။ ဘယ်မှာဖမ်းနေတယ်ဆို အဲဒီနေရာကို ရှောင်ကြတယ်။ အခုကျ တစ်နေရာမှာရပ် ဆိုင်ကယ် တွေ့သမျှ ကားပေါ်တင် အဲ့လိုပတ်ဖမ်းတော့ ရှောင်ဖို့က ခက်လာတယ်''လို့ ရွှေပြည်သာ မြို့နယ်တွင်းက ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ 

 

ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတာကြောင့် ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်ကို အသုံးပြုပြီး ကယ်ရီဆွဲကာ လုပ်ကိုင်စားသာက်သူ များလာတာ ဖြစ်ပါတယ်။ 

 

ဒါ့အပြင် လူဦးရေထူထပ်ပြီး ကျယ်ပြန့်တဲ့ စက်မှုဇုန် မြို့နယ်တွေဖြစ်တဲ့ ရွှေပြည်သာ လှိုင်သာယာ ဒဂုံမြို့သစ် တောင်ပိုင်း/မြောက်ပိုင်း စတဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် တွေဟာ အဓိက သွားလာရေး ယန္တရားတွေဖြစ်တာကြောင့် အလုပ်သမားတွေဟာလည်း အဲ့ဒီယာဥ်တွေကို အဓိကအားထားပြီး အသုံးပြုသွားလာနေရတာပါ။ 

 

ဒါ့အပြင်လက်လုပ်လက်စား များပြားတဲ့မြို့နယ်တွေမှာ အငှားယာဉ် အသုံးပြုတာထက် ငွေကြေး ကုန်ကျမှု သက်သာတဲ့ ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေကို စီးနင်းသူများပြားတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့တာပါ။ 

 

"အစကတာ့ ရာအိမ်မှူးက ကယ်ရီဆွဲတဲ့ဆိုင်ကယ်ဆိုပြီး ကတ်ကလေးတွေ ထုတ်ပေးထားတယ်။ အဲဒီကတ်ပြရင် အဖမ်းမခံရဘူး။ နောက်ကျဖမ်းတာပါပဲ။ ဘာမှပြောမရဘူး။ ဘေးတွဲတွေဆို တွဲဖြတ်ခပါ ထပ်ပေးရတယ်။ ပစ္စည်းလည်း အသိမ်းခံရတယ်။ ပိုက်ဆံလည်း ပေးရတယ်"လို့ ဘေးတွဲဆိုင်ကယ်သမားတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိမှာတော့ လှိုင်သာယာ မြို့နယ်တွင်းမှာ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မီနီအိုး ဝေ၊ ထော်လာဂျီ (လိုင်စင်ရှိ ၊ မရှိ) စီးနင်း‌ မောင်းနှင်ခွင့် မရှိသလို တွေ့ရှိပါက ဖမ်းဆီးအရေးယူမယ်လို့ အသိပေးဆိုင်းဘုတ် တွေနဲ့ ကြေညာတာတွေ ရှိနေပါတယ်။

 

#MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026