NEWS

ဆာဗာချိုယွင်းမှုကြောင့်ဆိုကာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ယာယီရပ်ဆိုင်း

CoverLogo
383 Views
 
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ကို ဆာဗာချိုယွင်းမှု ဖြစ်ပေါ်နေတဲ့ အတွက် ယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။
 
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီ က စပြီး ထုတ်ပေးခဲ့တာ မှာ အချို့ကျောင်းသား တွေ အောင်စာရင်းမှာ နာမည်ပါရှိပေမယ့် အမှတ်စာရင်း မှာ ကျရှုံးတာတွေ ဖြစ်ပေါ် ခဲ့တဲ့ အတွက် ကျောင်းသား ကျောင်းသူတွေ နဲ့ ကျောင်းသား မိဘ တွေကြား ဝေဖန်မှု တွေ မြင့်တက်ခဲ့ပါတယ်။
 
အခုလို ဖြစ်ပေါ်ခဲ့ ပြီးနောက် ဩဂုတ်လ ၄ ရက်မှာတော့ အမှတ်စာရင်း ထုတ်ပေးမှု ကို ယာယီရပ်ဆိုင်းကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာဖြစ်ပါတယ်။
 
ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီမှာ စတင်ထုတ်ပေးခဲ့တာ မှာ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ အမှတ်စာရင်း ထုတ်ပေးမှုစနစ် ဆာဗာချိုယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများအတွင်း အမှတ်စာရင်းမှားယွင်းမှုအနည်းငယ် ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။
 
၎င်းဖြစ်စဉ်ကြောင့် အမှတ်စာရင်း ထုတ်ပေးမှု လုပ်ငန်း များ ကို ခေတ္တရပ်ဆိုင်း ပြီး လိုအပ်တဲ့ စစ်ဆေးပြင်ဆင် မှု တွေ ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
 
ဒါ့အပြင် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီ မတိုင်မီက ထုတ်ယူခဲ့တဲ့ အမှတ်စာရင်း စာရွက်တွေကို ယူဆောင်လာပြီး အမှတ်စာရင်း အမှန် ပြန်လည် ထုတ်ယူဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကလည်း ကြေညာထားပါတယ်။
 
""အမှတ်စာရင်း က ထုတ်ပြီးသားတွေ လည်း ပြန်ထုတ်ကမှာဆိုတော့ အောင်စာရင်းမှာ နာမည်ပါ လည်း စိတ်မချရသေး
တဲ့ အခြေနေ ဖြစ်နေတယ်၊ အခုလို အမှားမျိုး က လုံး၀မဖြစ်သင့်တဲ့ကိစ္စ အရမ်းပေါ့လျော့လွန်းအားကြီးတယ် ကလေးတွေမှာ ငလျင်ကြောင့်လဲ စာမေးပွဲ နှစ်ခါ ဖြေခဲ့ရတယ် အခု အမှား ထပ်ဖြစ်တယ်ဆိုတော့ အမှတ်စာရင်းပြန်ထွက် လာမှဘဲ စိတ်အေးရတော့မယ်""လို့ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ ဆာဗာတွင်ထည့်သွင်းထားတဲ့ အချက်အလက် တွေကို စစ်ဆေးနေကာ ပြီးဆုံးပါက အမှတ်စာရင်းများကို တိကျမှန်ကန်စွာပြန်လည် ထုတ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
 
၂၀၂၅ ခုနှစ် တက္ကသိုလ်စာမေးပွဲ ကို တနိုင်ငံ လုံး အတိုင်းအတာ အနေနဲ့ ၄၈ ဒသမ ၀၆ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026