NEWS

ဆန်ကို သတ်မှတ်ဈေးထက်ပိုရောင်းပါက  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်ပ -၅ အရ တရားစွဲဆိုမယ်ဟုဆို

CoverLogo
883 Views

စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းရည်ညွှန်ဈေးတွေထက် ပိုရောင်းနေသူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ တရားစွဲဆိုမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) ထုတ်ပြန်ချက် (ဆန် ရည်ညွှန်းဈေးနှုန်းများ) ကို သိရှိလိုက်နာနိုင်ဖို့သတ်မှတ်ဈေးနှုန်းတွေကိုထည့်သွင်း ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုထားပြီး  ရောင်းချရမဲ့ဆန်ဈေးနှုန်းကိုပါသတ်မှတ်ထုတ်ပြန်လိုက်တာဖြစ်ပါ တယ်။ 

အဲ့ဒီလိုမျိုးသတ်မှတ်တာတွေနဲ့ ဆန်လုပ်ငန်းရှင်တွေကိုဖမ်းဆီးတာတွေ စစ်ဆေးတာတွေရှိခဲ့ပေမဲ့ အောက်ခြေက တစ်ကယ့်ဆန်ဆိုင်ကြီးတွေနဲ့လက်လီဆိုင်တွေမှာတော့ စစ်ကောင်စီရဲ့သတ်မှတ်ဈေး နဲ့၀ယ်ယူလို့မရလို့ ၎င်းကြေငြာချက်တွေသတ်မှတ်ဈေးနှုန်းတွေအတိုင်း ရောင်းချမပေးနိုင်တာတွေ ဖြစ်ပေါ်နေပါတယ်။

"ဆန်ကရွှေဘိုနဲ့မန္တလေးဘက်ကထွက်တဲ့ဆန်ကို သူတို့သတ်မှတ်ထားတဲ့နှုန်းက တစ်အိတ် ၂၄့ ပြည်ပါကို  ၁၃၅၀၀၀ ဆိုရင် အခြားဆိုင်တွေသွားမေး ၁၈၅၀၀၀ ဆိုတာချည်းပဲ။ အနိမ့်ဆုံး ၁၈၀၀၀၀ ပဲလိုက်မေးပြီးပြီ။ ဒီမှာဒီဈေးရောင်းရမယ်လို့သတ်မှတ်ထားတာလို့ပြကြည့် အဲ့ဒီမှာသွား၀ယ်ပါလို့ပြောတယ်။ ဘယ်လိုလုပ်ရမလဲ သူတို့သတ်မှတ်ဈေးကသူတို့ရဲ့အာဘော်ပဲရှိတယ်။ တစ်ကယ်အရေးယူမှာလား တစ်ကယ်ဖမ်းမှာလား ရပ်ကွက်တွေထဲလိုက်၀ယ်ကြည့်။ လူမှုကွန်ရက်စက်မျက်နှာက online ရောင်းချသူတွေလိုက်မေး ဆန်ဈေးမပြောထားဘူး cb လာဆိုပြီးပြလိုက်မဲ့ဈေး နှစ်သိန်းနားကပ်နေပြီဆန်ဈေးက မကျသွားဘူး"လို့ ရန်ကုန်မြို့က အခြေခံပြည်သူတစ်ဦးက ဆိုပါတယ်။  

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းရည်ညွှန်ဈေးတွေကို  ဆန်စက်တွေ ၊ ဆန်အရောင်းဆိုင်တွေ၊ ဆန်ကုန်သည်တွေနဲ့ ဆန်လုပ်ငန်းရှင်တွေ အနေနဲ့ အေလးအနက်ထားလိုက်နာဆောင်ရွက်ရန် ဆိုပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ သတ်မှတ်ဈေးနှုန်း တွေထက် ကျပ် ၃ သောင်းကနေ ကျပ် ၅ သောင်းအထိ ပိုမိုမြှင့်တင်ရောင်းချနေတာကို ဆန်ဆိုင်အများစုမှာကြုံတွေ့နေရတာပဲဖြစ်ပါတယ်။  

"ကျွန်တော်တို့ဆိုရင် သတ်မှတ်ဈေးအတိုင်းရောင်းမပေးနိုင်တဲ့ဆန်ဆိုရင် မရောင်းပေးပါဘူး။  ဖြစ်လာရင်လည်း မရှင်းနိုင်ဘူး။ ဆန်ဆိုင်အများစုက ရည်ညွှန်းဈေး အတိုင်ရောင်းဖို့ ဆိုရင် သူတို့ကိုက်ရင်ရောင်းတယ်။ မကိုက်ရင်ရောပစ်တာ။ အရည်အသွေးမမှန်ဘူးပေါ့။ ဒါပေမဲ့ဘာမှမဖြစ်ရင်တော်သေးတယ်။ ဖြစ်ရင်ဘောင်ချာနဲ့ရှင်းရမှာ ဒါကြောင့် မကိုက်ရင်မရောင်းတော့ဘူး။ တစ်ကယ်ဆန်ကောင်းလိုချင်ရင် တစ်ကယ်ဈေးကောင်းပေးရတယ်။ သတ်မှတ်ဈေးတွေနဲ့ရရင်တော့ အရည်သွေးမီမယ်မထင်ဘူး"လို့ ဆန်အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းရည်ညွှန်ဈေးတွေက စက်တင်ဘာလအတွက် ဆန်ရည်ညွှန်းဈေးတွေကဧည့်မထ ၂၅ မှတ်ဆန်  ၂၄ ပြည် တစ်အိတ် ၇၈၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း ပထမတန်းစား ၂၄ ပြည် တစ်အိတ် ၁၅၀၀၀၀ ကျပ် ၊ ဧရာဝတီပေါ်ဆန်း ပထမတန်းစား ၂၄ ပြည် တစ်အိတ်ကို ၁၂၅၀၀၀ ကျပ်အသီးသီးသတ်မှတ်ထားတာဖြစ်ပါတယ်။

ပြင်ပပေါက်ဈေးမှာတော့  ရွှေဘိုပေါ်ဆန်း ပထမတန်းစား ၂၄ ပြည် တစ်အိတ် ၁၉၅၀၀၀ ကျပ် ၊ ဧရာဝတီပေါ်ဆန်း ပထမတန်းစား ၂၄ ပြည် တစ်အိတ်ကို ၁၆၀၀၀၀နဲ့  မန္တလေးဘက် မဂျမ်းတော ၂၄ပြည်တစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်ပေါက်ဈေးနဲ့ ရောင်းချနေကြတာပဲဖြစ်ပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026