NEWS

စားဆီ တပိဿာ ၁၂၀၀၀ ကျပ်ဖြစ်ပြီ

CoverLogo
1.1K Views

ပြင်ပလက်လီဝယ်ယူရတဲ့စားအုန်းဆီဈေးကွက်ဟာ တစ်ပိဿာကိုကျပ်တစ်သောင်းနှစ်ထောင်ထိပေါက်ဈေးရှိနေတယ်လို့ဝယ်ယူတွေကပြောပါတယ်။အခုဈေးနှုန်းဟာ သင်္ကြန် ( ဧပြီလ) က တပိဿာဈေးနှုန်း ကျပ် ၇၀၀၀ ကနေ ဆက်လက်မြင့်တက်ပြီး ဈေးတက်လာတာဖြစ်ပါတယ်။

လက်ရှိမှာစာအုန်းဆီဟာဝယ်ယူရခက်ခဲနေပြီးပြတ်လပ်မှုရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

ခွဲတမ်းနဲ့ထုတ်ယူရတဲ့ဆီကတ်တွေလည်းလက်ရှိမှာပုံမှန်မရတော့ဘူးလို့ပြည်သူတွေကပြောပါတယ်။

"ဒီမနက်ဝယ်တာပါတစ်ဆယ်သားကို(၁၂၀၀)ပေးရပါတယ်။အရင်ရောင်းပေးတဲ့အိမ်ဆိုင်လေးမှာဆီမရှိလို့ ဈေးထဲထိသွားဝယ်ထားရတယ်"လို့ဇွန်လ၅ရက်မှာစားဆီဝယ်ယူခဲ့သူတစ်ဦးကပြောပါတယ်။

ပြည်သူတွေနေ့စဉ်မရှိမဖြစ်သုံးစွဲနေရတဲ့ စားဆီဟာ ပြည်တွင်းမှာခွဲတမ်းနဲ့ရောင်းချနေတာဖြစ်ပြီးနေ့စဉ်ပေါက်ဈေးထုတ်ပြန်ချက်အရတော့ကျပ်(၆၀၀၀) အောက်သာရှိနေပါတယ်။

"အရင်ကဆို တစ်ပတ်ကို နှစ်ခါလောက်ရတယ်။ ပြီးခဲ့တဲ့အပတ်ကစပြီး တစ်ပတ်တစ်ခါပဲ ရတယ်။ ဒီအပတ်ဆို လုံးဝမရသေးဘူး။ ဆီပြတ်နေတယ်လည်းကြားမိတယ်။ တစ်သောင်းနှစ်ထောင်ဈေးနဲ့ ဝယ်စားရမယ်ဆိုရင်တော့ မလွယ်ဘူး"လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာစားအုန်းဆီရောင်းချတာကိုတစ်အိမ်ထောင်ကိုဆီငါးဆယ်သားနှုန်းနဲ့ဝယ်ယူခွင့်ပြုနေတာပါ။ဒီလိုဝယ်ယူခွင့်အတွက်ရာအိမ်မှူးတွေက ဆီကတ်တွေ ‌ထုတ်ပေးပြီး ရပ်ကွက်တစ်ချို့မှာတော့ အပတ်စဉ် ရရှိနေပေမယ့် အများစုက ရရှိမှုနည်းနေပါတယ်။

"သူတို့ကရှောင်တခင်လာစစ်တယ်။အရပ်ဝတ်နဲ့။ဈေးရုံထဲရောင်းတာမိသွားတော့တစ်ဈေးလုံးလက်မှတ်ထိုးရတယ်။ခိုးမရောင်းပါဘူးပေါ့။နောက်တခါမိရင်ထောင်ချမယ်။ဆိုင်သိမ်းမယ်လည်းပြောတယ်"လို့စည်ပင်သာယာဈေးအတွင်းဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောပါတယ်။

ဇွန်လ(၅)ရက်နေ့မှာစားအုန်ဆီတစ်ပိဿာပေါက်ဈေးကို( ၅၃၄၅)ကျပ်သာသတ်မှတ်ထားပြီးပြင်ပပေါက်ဈေးကတော့နှစ်ဆကျော်နီးပါးမြင့်တက်နေပါတယ်။

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026