NEWS

စပါးခင်းတွေ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်၊  သွင်းအားစုတွေ ဈေးတက်လို့ တောင်သူတွေ အခက်ကြုံ

CoverLogo
629 Views

မိုးများပြီးရေကြီးတဲ့ရာသီဥတုအခြေအနေနဲ့ ဓာတ်မြေသြဇာ သွင်းအားစုဈေးတွေတက်နေကာ စပါးဈေးကျဆင်းမှုတွေ ဖြစ်ပေါ်နေလို့ တောင်သူတွေ အနေနဲ့လယ်စိုက်ကြဖို့ အခက်ခဲတွေကြုံတွေ့နေရကြောင်းသိရပါတယ်။

တောင်သူတွေ အနေနဲ့နွေစပါးပြီးပါက မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်ချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးနစ်မြုပ်တာတွေ ဆက်တိုက်ကြုံလာရသလို စိုက်ပျိုးရိတ်သိမ်းပြီးသား နွေစပါးကိုရောင်းချရာမှာလည်းယခင် စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၆ သိန်းကျော်ပေါက်ဈေး ရှိရာကနေ ယခုအခါငွေကျပ်၁၃ သိန်းခန့်သာ ရ ရှိတော့တာကြောင့် ထပ်မံ စိုက်ပျိုးရမယ့် မိုးစပါးအတွက်သွင်းအားစုတွေ ထည့်သွင်းဖို့ ပြန်ရင်းနှီးရန် စရိတ်နည်းပါးသွားတာတွေအတွက်အခက်ခဲရှိလာတယ်လို့ တောင်သူလယ်သမားတွေထံကသိရပါတယ်။

"စပါးဈေးတွေကျနေတယ်၊ နွေစပါးဆို အရင်ထက် ၃ သိန်းခွဲလောက် ဈေးကျသွားတယ်။ ဈေးကျတာကလည်းအခုက ဆန်စက်တွေကို စစ်ဆေးအရေးယူတာတွေလုပ်နေတော့ ဆန်စက်တွေကလည်း သတ်မှတ်ဈေးနဲ့ပဲအရောင်းအဝယ်လုပ်နေရတော့ စပါးဝယ်တဲ့အချိန် တွက်ခြေကိုက်အောင် စပါးဈေးမှာချဝယ်လိုက်တဲ့ သဘောပါလို့"စပါးအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ဆန်ဈေးတည်ငြိမ်စေရန် ရည်ညွှန်းဈေးသတ်မှတ်ပြီး ဆန်စပါးကုန်သည်တွေကိုအရေးယူမှု လုပ်ပြီးနောက်ပိုင်းပြည်တွင်းစပါးဈေးကွက် ကျဆင်းသွားတာဖြစ်တယ်လို့ ဆန်စပါးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

"အခုက မိုးစပါး ပြန်စိုက်ရတော့မယ့်အချိန် စပါးစိုက်ဖို့နေရာတွေကလည်းရေကြီးနစ်မြုပ်မှုတွေ ကြုံလာရတော့ ခက်ခဲရတာအပြင် စပါးဈေးကျတာလည်းကြုံရတော့ မိုးစပါးကို တစ်ချို့လည်းမစိုက်ကြတော့ဘူး ။ တစ်ချို့ကျတော့လည်း မဖြစ်မနေ အနေနဲ့ စိုက်ခင်းစနစ်နဲ့စပါးစိုက်တဲ့အစား ကျဲပက်ပြီးစိုက်တဲ့စနစ်နဲ့သာ စိုက်ပျိုးကြဖို့ပဲလုပ်တော့တယ်။ ကျဲပက်စနစ်ဆိုတာက စိုက်ခင်းနဲ့စိုက်သလို စနစ်မကျဘူး။ ရချင်သလောက်သာ ရတော့ဆိုပြီးစပါးမျိုးစေ့တွေကို လယ်ထဲကိုကျဲပက်ပြီး မိရိုးဖလာစိုက်နည်းနဲ့သာစိုက်တော့တာဖြစ်တယ်"လို့ စပါးစိုက်တောင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ စပါးဈေးကျဆင်း သွားတဲ့အပြင် ကုန်သည်ပွဲစားနဲ့ ဆန်စက်ပိုင်ရှင်တွေက စပါးအဝယ်အေးနေကြောင်းသိရပြီး တောင်သူတွေအနေနဲ့ လက်ရှိစပါးဈေး အရ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026