NEWS

စတုဒီသာအတွက် စျေးဝယ်ထွက်ရင်း ကျည်ဆန်အဆစ်ရသွားတဲ့ ဒုအရာခံဗိုလ်နဲ့တနေ့တာသတင်းများအကျဥ်းချုပ်

CoverLogo
2.1K Views

ဒီကနေ့တနေ့တာကတော့ကလေး PDF တပ်စခန်းငယ်တခုစီးနင်းခံရပြီး အမျိုးသမီးဆေးစစ်သည် ၈ ဦးဖမ်းဆီးခံရတဲ့သတင်းအပြင် NUCC သတင်းစာရှင်းပွဲနဲ့ မုံရွာမှာတပ်တွင်းစတုဒီသာဝယ်ဖို့စျေးဝယ်ထွက်ရင်းပစ်သတ်ခံလိုက်ရတဲ့ဒုဗိုလ်မှူးအကြောင်းတွေပါ။

  • ပြည်တွင်းခုခံတိုက်ခိုက်မှု့နဲ့ဒလန်ရှင်းလင်းမှု့

KNU တပ်မဟာ ၅ နယ်မြေအတွင်း ၂ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများအပါအဝင် ၃၂ ဦးသေဆုံး၊ ၅၆ ဦး ဒဏ်ရာရသွားတယ်လို့မူတြော်ခရိုင်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒီ၂ ရက်အတွင်းမှာတော့ကရင်ကချက်ပေးတဲ့မုန့်ဟင်းခါးမှာပွဲကြီးပွဲသေးစုံတယ်လို့ပြောရမှာပါ။

အနယ်နယ်အရပ်ရပ်မှာမုန့်ဟင်းခါးစပါယ်ရှယ်ချက်ပေးနေသလိုဗမာပြည်အလယ်ပိုင်းမှာလဲကုန်ကြမ်းရရင်ရသလိုချက်ပါတယ်။

ဒီကနေ့မနက်ပိုင်း၁၀နာရီဝန်းကျင်မှာပဲစစ်ကိုင်း၊ မုံရွာမြို့ဘုရားကြီးရပ်ကွက်ရုပ်စုံကျောင်းအနီးမှာ
ဒုအရာခံဗိုလ်ကို အထူး​​ဒေသ​တိုက်ခိုက်​​ရေးတပ်ဖွဲ့(မုံရွာ)ကပစ်သတ်လိုက်တယ်လို့သိရပါတယ်။  

ဒုအရာခံဗိုလ်သည် မုံရွာအခြေစိုအသတ်ခံရသူဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှဖြစ်ပြီး တပ်အတွင်းစတုဒီသာ ကျွေးမွေးရန်အတွက်စျေးဝယ်ထွက်လာတာဖြစ်ပြီးတော့ စျေးဝယ်ထွက်လာသူ ဒုအရာခံဗိုလ်၂ဦးအနက် ဒုအရာခံဗိုလ်တစ်ဦးကို သေနတ်ဖြင့် ဦး​ခေါင်းတေ့ပစ်ခတ်ခဲ့သည်ဟု အထူး​​ဒေသ​တိုက်ခိုက်​​ရေးတပ်ဖွဲ့(မုံရွာ) SRSF-MWAကပြောပါတယ်။

နောက်တခုကတော့မဂ်လာဒုံမြသီတာရပ်ကွက်
ကရာအိမ်မှူးဒေါ်ပူစူးတယောက် မနေ့ကအိမ်ထဲအထိသေနတ်နဲ့ ၅ ချက်ဝင်ပစ်တာမသေဘဲ ဒီကနေ့မှာရာအိမ်မှူးအဖြစ်ကနှုတ်ထွက်ကြောင်းကြေငြာလိုက်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်  စစ်တပ်အမာခံထောက်ခံသူ ရေဂမိုးရွာမှ ထွန်းဦးသည် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ပစ်သတ်ခံလိုက်ရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း မြို့မရပ်ကွက်အတွင်းရှိ  ဘီယာဆိုင် တစ်ဆိုင်တွင် ယနေ့ မနက်ပိုင်း ( ၁၀ )နာရီဝန်းကျင်ခန့်က စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ မင်းမင်းအောင် ပစ်ခတ်ခံရသော်လည်း သေဆုံးမှု​တော့ မရှိဘူးလို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာမှ စစ်ကောင်စီသတင်းပေးလည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သူ သိန်းနိုင်စိုး ယမန်နေ့ နိုဝင်ဘာလ ၁၅ရက်နေ့၊ ည၈နာရီ ၄၀မိနစ်ဝန်းကျင်အချိန် အသတ်ခံလိုက်ရကြောင်း၊ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် သိန်းနိုင်စိုး၏ ညီဖြစ်သူ စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း၊ ၎င်းကို ဇေယျာညီနောင်ပြောက်ကြားအဖွဲ့က သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

  • အကြမ်းဖက်စစ်တပ်မှအပြစ်မဲ့ပြည်သူများကိုတရားလက်လွတ်သတ်ဖြတ်မှု့


အကြမ်းဖက်စစ်ကောင်စီတပ်များသည် မင်းကင်းမြို့နယ်တွင် ပြည်သူ ၄ ဦးကိုလည်းကောင်း၊ ရေဦးမြို့နယ်တွင် စိတ်ဝေဒနာရှင် တစ်ဦးကိုလည်းကောင်း၊ လပွတ္တာနှင့်ရွှေဘိုမြို့တို့တွင်လည်း ပြည်သူ ၂ ဦးကိုလည်းကောင်း စုစုပေါင်း ပြည်သူ ၇ ဦးကို ပစ်ခတ်သတ်ဖြတ်သွာတာကိုဒေသခံတွေကအတည်ပြုထားတဲ့သတင်းကိုပြည်တွင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။ပျူစောထီးလက်နက်ကိုင်တွေနဲ့ပေါင်းသတ်တာလို့လဲဆိုကြပါတယ်။


အဲ့ဒီ့နောက်နိုဝင်ဘာ ၁၃ ရက်နေ့မှာပဲ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် EPC ရုံး လက်လုပ်ဗုံးပစ်သွင်းမှုနှင့် ကျောက်ဖြူစာသင်ကျောင်းတွင် ဗုံးတွေ့သည်ဟု ဆိုသောကိစ္စများနှင့်ပက်သက်၍ စစ်တပ်က  ကိုကျော်သူဝင်းကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ် ဖြတ်လိုက်ကြောင်း ဒီသတ်ဖြတ်မှု့ကိုအဓိကလုပ်ဆောင်တာကတော့ကျုံပျော်အခြေစိုက် ခမရ၃၆ တပ်ကလို့သိရပါတယ်။

နောက်တခုကတော့စစ်တပ်ကစိတ်ကျန်းမာရေးချို့တဲ့သူကိုပါမရှောင်ပစ်သတ်တဲ့သတင်းပါ။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကြောင်းသို့ စစ်ကြောင်းချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိရာ ကွမ်းအုံကျေးရွာမှ စိတ်ဝေဒနာရှင် ကိုအောင်ကိုဝင်းကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့သိရပါတယ်။

  • ပြည်တွင်းပြည်ပနိုင်ငံရေးလှုပ်ရှားမှု့များ

ပြည်တွင်းစစ်အာဏာရှင်စနစ်ပြုတ်ကျရေး ​ပြောက်ကျားသပိတ်တွေကတော့ ရန်ကုန်မန္တလေးနဲ့အနယ်နယ်အရပ်ရပ်တွေမှာအင်ပြည့်အားပြည့်ရှိနေဆဲပါ။

ဒီနေ့အတွက်ထူးခြားတာကအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့သတင်းစာရှင်းပွဲလုပ်တာပါ။

ဒီပွဲမှာကရင်၊ ကရင်နီနဲ့ချင်းကခေါင်းဆောင်တွေအပြင် NUCC မှာပူးပေါင်းလုပ်ဆောင်နေတဲ့ကိုမင်းကိုနိုင်၊ ကိုနန္ဒာစစ်အောင်တို့လိုအင်အားပြည့်တဲ့အာဏာရှင်ဆန့်ကျင်ရေး လူထုအလုပ်သမားနဲ့သပိတ်ခေါင်းဆောင်တွေပါဝင်တယ်လို့ဆိုရမှာပါ။

NUCC ကိစ္စအတိုချုပ်ပြောရရင်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်မူကြမ်းပြီးပါပြီ။မကြာခင်ပြည်သူ့ဆန္ဒခံယူပွဲနဲ့အတည်ပြုပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် ဖက်ဒရယ်မူဘောင်တွေတည်ဆောက်အကောင်အထည်ဖော်တော့မှာပါ။

ကိုမင်းကိုနိုင်ကတော့"ကျွန်တော်တို့ဟာကမ္ဘာမှာ တလှည့်ခေါင်းမော့နိုင်ကြအုံးမှာပါ"လို့အားနဲ့မာန်နဲ့ပြောသွားတာပြည်သူတွေအတွက်အားတက်စရာပါပဲ။

ဒါကတော့နိုဝင်ဘာ ၁၆ ရက်နေ့တနေ့တာသတင်းအကျဥ်းချုပ်ပါ။လိုအပ်တဲ့အချက်အလက်အချို့ကိုပြည်တွင်းသတင်းဌာနတွေကနေမှီငြမ်းရေးသားပါတယ်။ 


Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026