NEWS

စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်

CoverLogo
222 Views
စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး က လှိုင်သာယာ(အနောက်ပိုင်း) ပြည်သူ့လွတ်တော် နေရာ အတွက် ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် သွားမယ်လို့ သိရပါတယ်။
 
ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကာ
၎င်းဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ရက်မှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူ ဖြစ်ကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲ ခန့်အပ်တဲ့ ငါးယောက်မြောက်အလုပ်သမားပြည်
​ထောင်စုဝန်ကြီးဖြစ် ပါတယ်။
 
ယခင် က ဗိုလ်မှူးချုပ်အဆင့် ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန မှာ အမြဲတမ်းအတွင်းဝန် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစား ယူခဲ့ ကာ လက်ရှိမှာ အလုပ်သမားဝန်ကြီး ဖြစ်လာသူ ဖြစ်ပါတယ်။
 
အခုလို လှိုင်သာယာမြို့နယ် အတွင်း ဝန်ကြီးအဆင့် က ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်လို့ မဲဆွယ်တဲ့ ကာလအတွင်း မြိုနယ်အတွင်း လုံခြုံရေးအပြည့်ချထားနိုင်တယ်လို့ HTY Scout channel မှ အသိပေးထားပါတယ်။
 
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန ဟာ ပြည်တွင်းမှ လူငယ်တွေကို ပြည်ပ ထွက် အလုပ်လုပ် ခွင့် အတွက် အမျိုးမျိုး ကန့်သတ် ပိတ်ပင် တာတွေကြောင့် ပြည်ပ ထွက်ရန် လုပ်ဆောင်ထားတဲ့ လူငယ် လုပ်သား အများစု မှာ အခက်ခဲ အကြပ်တည်းတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
Photo-HTY Scout channel

Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026