NEWS

စစ်ကောင်စီအင်အား ​၄၀ ဝန်းကျင်ခန့် ဖားချောင်းရွာမှ မြန်မာရှင်တဘီရွာဘက်ကို စစ်ကြောင်းထိုးနေ

CoverLogo
1.5K Views

ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ ဖားချောင်းကျေးရွာမှ မြန်မာရှင်တဘီ ကျေးရွာသို့ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်အချိန်မှစ၍ စစ်ကြောင်းထိုးလာနေတယ်လို့ ကနဦးသိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအင်အား လေးဆယ်ဝန်းကျင်ပါတယ်လို့ ကနဦးသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၁၈ ရက်က 
မြေခဲတောင်နှင့် ဆယ်အိမ်စုရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ဦးသေပြီး ၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ တောင်ရင်းအင်းရွာနှင့်ဖားချောင်းရွာများသို့စစ်ကောင်စီတပ်တွေဟာအင်အား ၁၀၈ ဦးခန့် ရောက်လာကြပြီး လမ်းကြောင်းတစ်လျှောက်ကင်းပုန်းများချထားကာနေရာယူထားကြောင်းသိရပါသည်။

နိုဝင်ဘာလ ၁၈ ရက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေလုပ်ဆောင်ခဲ့လို့ ဒေသခံတွေဟာ၎င်းတို့၏တောင်ယာ ခြံများအတွင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ထွက်ပြေးတိမ်းရှောင်နေတဲ့ရွာသားတစ်ချို့ကိုမိမိတို့၏နေအိမ်များ၌လာရောက်နေထိုင်ကြဖို့စစ်ကောင်စီတပ်များကဖိအားပေးခြိမ်းခြောက်လို့ ၎င်းတို့၏အိမ်များတွင်မနေချင်ပေမဲ့လည်းလာရောက်နေနေခဲ့ရကြောင်းဆိုပါတယ်။

အခုဆိုရင်"တောင်ယာတွေထဲခြံတွေထဲမှာ အိမ်မွေးတိရစ္ဆာန်ကျွဲ နွားများအစရှိသည်တို့ကိုသွားယူခြင်သော်လည်း ရွာသားများကကြောက်၍သွားမယူရဲသေးကြောင်း"ပြောကြပါတယ်။

စစ်ကောင်စီတပ်များဟာ ဖားချောင်းရွာဘုန်းကြီးကျောင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ စာသင်ကျောင်းတို့တွင်တပ်စွဲထားကြောင်းဒေသခံများကပြောဆိုပါတယ်။

ဒေသခံများ၏ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာဖားချောင်းရွာနှင့် တောင်ရင်းအင်းရွာတို့တွင် ၇ ရက်ခန့်တပ်စွဲပြီး စစ်ကြောင်းထိုးမယ်လို့သိရပါတယ်။

စစ်ကြောင်းထိုးသွားတဲ့တပ်တွေပြောနေတာကတော့နှမ်းကျဲ ဧကနိ အကုန်ဝိုင်းထားတယ်လို့ ပြောနေကြကြောင်း ဒေသခံ​တွေကဆိုပါတယ်။

ဒေသခံရွာသား​တွေအ​နေနဲ့ ​နောက်ဆက်တွဲဖြစ်လာမှာ​တွေကို စိုးရိမ်ပူပန်​နေရတယ်လို့ ဆိုပါတယ်။

ကံ​ပေါက်CJ


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026