NEWS

စစ်ကောင်စီမှ ဆိုင်ကယ်စီးနင်းသူများကိုကန့်သတ်ချက်များထုတ်ပြန်နေပြီး မလိုက်နာရင်ပစ်ခတ်မည်ဟုပါခြိမ်းခြောက်နေ

CoverLogo
2.4K Views

စစ်ကောင်စီဖက်မှဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့်မြို့ကြီးများတွင်အမျိုးသားနှစ်ဦးမစီးရအပါအဝင်အခြားသောကန့်သတ်ချက်တွေထုတ်ပြန်ထားပြီးမလိုက်နာရင်ပစ်ခတ်မှု့တွေပါလုပ်ဆောင်သွားမယ်ဆိုပြီးဆိုင်ကယ်စီးနင်းသူတွေအပေါ် ခြိမ်းခြောက်နေတယ်လို့သိရပါတယ်။

အဲ့ဒီ့ကန့်သတ်ချက်ထဲမှာအမျိုးသမီးတဦးနောက်မှာအမျိုးသားတဦးလိုက်ပါစီးနင်းခွင့်မရှိသလိုအမျိုးသားနှစ်ဦးတပေါင်းထဲစီးနင်းခွင့်မရှိဘူးလို့ပါရှိပြီးယခုလ ၁၈ ရက်နေ့နောက်ပိုင်းမှာပစ်ခတ်မှု့တွေပြုလုပ်သွားမယ်လို့ဆိုင်ကယ်စီးနင်းသူတွေထံမှထွက်ပေါ်လာတဲ့သတင်းအချက်အလက်တွေအရသိရပါတယ်။

"ဟိုတနေ့ကပဲပြောသွားတယ်လမ်းမှာစစ်ရင်းမင်းတို့၂ယောက်စီးလို့ငါတို့ပစ်ရင်မပြောနဲ့ဆိုပြီးတော့ကျွန်တော်တို့ဖက်တွေကဆိုင်ကယ်ကိုအရင်ထဲကစီးခွင့်ပြုထားတာ ဒါကိုဟိုလိုမစီးရဒီလိုမစီးရဘူးသက်သက် ခြိမ်းခြောက်နေတာ"လို့ဆိုင်ကယ်စီးနင်းခွင်ပြုထားတဲ့မြို့နယ်တခုမှပြည်သူတဦးကပြောပါတယ်။

ယခုလနိုဝင်ဘာ ၁၄ ရက်နေ့မှာပဲတောင်ညိုရဲစခန်းရှေ့မှာဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာခဲ့တဲ့၆တန်းကျောင်းသားတဦးကိုစစ်ကောင်စီတပ်တွေပစ်ခတ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ မြို့​တွေမှာ အဆိုပါ ခြိမ်း ​ခြောက်မှု​တွေပြုလုပ်​နေတာဖြစ်သလို ရန်ကုန်မြို့စည်ပင်နယ်​မြေ​တွေဖြစ်တဲ့ လှိုင်သာယာ၊ မဂ်လာဒုံ တို့လို မြို့နယ်​တွေမှာ​တော့ စကစ တပ်​တွေက ဆိုင်ကယ်များသိမ်းယူ​နေတာ​ကြောင့် အ​ခြေခံ ပြည်သူ​တွေ အခက်​တွေ့​နေရတာပါ။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026