NEWS

စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ

CoverLogo
32 Views
 
စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် များ အကြိမ်ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် တယ်လီဖုန်း Application အသုံးပြုတဲ့ စိစစ်ရောင်းချမှုစနစ်ကို ပြုလုပ်ကာ တစ်ရက်ကို တစ်ကြိမ်သာ ဝယ်ခွင့် ပြုမယ်လို့ စစ်ကော်မရှင်က မတ်လ ၁၁ရက်မှာ အသိပေးကြေညာ ပါတယ်။
 
၎င်းစနစ်ကို မတ်လ ၁၂ရက် စတင် ပြီးနေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ စမ်းသပ်အသုံးပြုသွားမှာဖြစ်ကာ စနစ်ကို လိုအပ်သလို ပြင်ဆင်စစ်ဆေးပြီးနောက် အခြားမြို့ကြီးတွေမှာလည်း ဆက်လက်အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
 
၎င်းစနစ် သုံးစွဲရန် အတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် Application ဒေါင်းလုပ်လုပ်ခြင်း သို့မဟုတ် Registration ပြုလုပ်ခြင်း မလိုအပ်ဘဲ စက်သုံးဆီအရောင်းဆိုင်များမှသာ စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
မော်တော်ယာဉ်များအတွက် Wheel Tax မှာပါရှိတဲ့ Barcode ကို ဆိုင်ဝန်ထမ်းများက Scan ဖတ်ကာ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး ယာဉ်တစ်စီးဟာ တစ်ရက်အတွင်း စက်သုံးဆီတစ်ကြိမ်သာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အကယ်၍ တစ်ရက်အတွင်း ထပ်မံဝယ်ယူရန် Scan ဖတ်ပါက ယခင်ဝယ်ယူထားမှုကို စနစ်က ဖော်ပြပေးမှာဖြစ်ပြီး အဲဒီနေ့အတွက် ဆီဝယ်ယူခွင့် မရရှိတော့ဘဲ နောက်တစ်ရက်မှသာ ထပ်မံဝယ်ယူနိုင်မှာဖြစ်ပါတယ်။
 
ဒါ့အပြင် အရောင်းဆိုင်တွေမှ စက်သုံးဆီ စိစစ်ရောင်းချရာတွင် လက်ရှိထုတ်ပြန် ထားတဲ့ စုံ မ အလိုက် ယာဉ် ထွက်ရမယ့် စနစ် ကိုပါ စစ်ဆေးရမှာ ဖြစ်ပြီး မိမိယာဉ် အသုံးပြုခွင့် ရှိတဲ့ ရက် အတွက်သာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026