NEWS

စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်

CoverLogo
40 Views
 
စက်သုံးဆီမပြတ်လပ်စေဖို့ဆိုကာ စစ်ကော်မရှင်က မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ် များကို စုံ မစနစ် ဖြင့် တလှည့်စီ မောင်းနှင်ရန်၊တစ်ရက်ကို တစ်ကြိမ်သာ ဆီဝယ်ယူခွင့်ပေးရန် စတဲ့ကန့်သတ်မှု တွေပြုလုပ်ပြီးနောက် မတ်လ ၁၃ရက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်တဲ့ ဈေးနူန်းများအရ စက်သုံးဆီ တစ်လီတာ လျှင် ကျပ်၃၀၀ကျော်မှ ၆၀၀ကျော် ဈေးမြင့်တတ်သွားပါတယ်။
 
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကထုတ်ပြန်တဲ့ ယခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းအရ ဓာတ်ဆီ(95) တစ်လီတာလျှင် ၂၉၃၀ ကျပ်၊ (92) တစ်လီတာလျှင် ၂၈၃၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၅၆၀ ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၃၂၀၅ ကျပ်ဖြစ်ကြောင်း သိရပါတယ်။
ယခင်တပတ်က စက်သုံးဆီဈေးနူန်း တွေကတော့ဓာတ်ဆီ(95) တစ်လီတာလျှင် ၂၅၉၅ကျပ်၊ (92) တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၉၀၅ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၆၁၀ ကျပ်ဖြစ်တဲ့ အတွက် တစ်လီ တာကို ၃၀၀ကျပ်မှ ၆၀၀ကျပ်ကျော် မြင့်တတ်လာတာ တွေ့ရပါတယ်။
 
ယခုဈေးနူန်းများမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ရောင်းချရန်သတ်မှတ်ဈေးတွေဖြစ်ပြီး အခြားဒေသ အလိုက် ဈေးနူန်းကွဟမှုများရှိကြောင်း သိရပါတယ် "ယာဉ်မောင်း ခွင့် ကို စုံ မ တစ်လှည့်စီ ပေးတဲ့ အပြင် ဆီဝယ်ခွင့်ကျတော့လည်း တစ်ရက်မှ တစ်ကြိမ် ပေးတယ် သူတို့ လုပ်ထားတဲ့ QR စနစ်က error ကြောင်​့ ဆီ ထည့်မရနဲ့ အချိန်ကုန် ပြီး အတော်လေး အဆင်မပြေဖြစ်ရတယ် အခုဆီဈေးက ထပ်တတ်တော့ ပိုပြီး စိုးတာပေါ့ ကုန်ဈေးနူန်းပါ တတ်လာမှာ စိုးရိမ်တယ် "လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။
 
စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် များ အကြိမ်ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် တစ်ရက်လျှင် ဆီတစ်ကြိမ်သာ ဝယ်ခွင့်ပေးမယ့် တယ်လီဖုန်း Application အသုံးပြုတဲ့ စနစ်ကို မတ်လ ၁၂ရက် စတင် ပြီးနေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ စမ်းသပ်အသုံးပြုသွားမှာဖြစ်ကာ စနစ်ကို လိုအပ်သလို ပြင်ဆင်စစ်ဆေးပြီးနောက် အခြားမြို့ကြီးတွေမှာလည်း ဆက်လက်အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
 
လက်ရှိမှာ စက်သုံးဆီ ရောင်းချမှုနဲ့ မော်တော်ယာဉ် နဲ့ ဆိုင်ကယ်များ စုံ မ အလှည့်ကျ သာ ထွက်ခွင့်ပေးတဲ့ အတွက်ပြည်သူ တွေ မှာ သွားလာရေးအခက်ခဲ များ ဖြစ်ပေါ်သလို ခရီးစရိတ်ကုန်ကျမှု တွေလည်း ပိုမို များပြားလာတယ်လို့ သိရပါတယ်။

Related posts

Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026