NEWS

စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးပြီးနောက် စက်သုံးဆီဈေးဆက်လက်မြင့်တက်

CoverLogo
326 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်းက  စက်သုံးဆီအရောင်းဆိုင်တွေကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်ပြီး စက်သုံးဆီဈေးဆက်လက်မြင့်တက်လာခဲ့ပါတယ်။  

"ဆီဆိုင်မှာတော့ သူတို့ဈေးရပါတယ်။  ဒါပေမဲ့ကျွန်တော်တို့ကကျ ကယ်ရီဆွဲစားတဲ့သူတွေဆိုတော့ အပြင်ဆိုင်က၀ယ်တာများပါတယ်။ ကြုံသလိုပေါ့။ ဗူးနဲ့လည်းဆောင်ထားတယ်။ အပြင်ကတော့တစ်ဗူး ၃ထောင်။ တစ်ချို့ ၃၂၀၀ ပေးရတယ်"လို့  အနှေးယာဉ်လုပ်သားတစ်ဦးဖြစ်သူကဆိုပါတယ်။  

စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိရုံးက ဇွန်၂၅ရက်နေ့ကနေဇွန်၂၇ရက်နေ့အထိ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာရောင်းချခြင်းရှိမရှိကို Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ပြီး မန္တလေးတွင်လည်း  သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးအရေးယူမှုတွေပြုလုပ်နေတယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါတယ်။  

အဲ့ဒီလိုစစ်ဆေးခဲ့ပြီးနောက်ဒီကနေ့ ဇွန် ၂၈ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း၉၂တစ်လီတာလျှင် ၂၆၅၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၆၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၉၅ကျပ်ဖြစ်ပြီးဈေးနည်းမြင့်တက်လာတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်ကနေ ဇွန်၂၇ရက်နေ့အထိ  ဈေးနှုန်းတွေကတော့  အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၈၀ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၂၀ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၅၀ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းနဲ့တစ်ပတ်တိတိဈေးတည်ငြိမ်လာခဲ့ပြီး ဇွန်၂၈ရက်နေ့မှသာ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

 


Related posts

Cover
အွန်လိုင်း လောင်းကစားလုပ်ငန်း ပြုလုပ်သူများကို သိရှိပါက လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်တယ်လို့ စစ်ကော်မရှင် ထုတ်ပြန်
Oct 25, 2025
Cover
အကျဉ်းသားများ အရေးပေါ်ဆေးကုသခွင့်ရရန် အာဏာပိုင်များကို ငွေကျပ်သိန်းချီပေးနေရဟုဆို
Oct 24, 2025
Cover
အစားအသောက်များတွင် ဖော်မလင်ထည့်ပါက အရေးယူမည်ဟု FDA အသိပေး
Oct 24, 2025
Cover
အလုပ်သမားများ ရုံးတက် ရုံးဆင်းချိန်နှင့် YBS မှတ်တိုင်များတွင် ခရီးသည်များစုပြုံမှုမရှိစေရန် YRTC စစ်တမ်းကောက်
Oct 23, 2025
Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025