NEWS

စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးပြီးနောက် စက်သုံးဆီဈေးဆက်လက်မြင့်တက်

CoverLogo
415 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်းက  စက်သုံးဆီအရောင်းဆိုင်တွေကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်ပြီး စက်သုံးဆီဈေးဆက်လက်မြင့်တက်လာခဲ့ပါတယ်။  

"ဆီဆိုင်မှာတော့ သူတို့ဈေးရပါတယ်။  ဒါပေမဲ့ကျွန်တော်တို့ကကျ ကယ်ရီဆွဲစားတဲ့သူတွေဆိုတော့ အပြင်ဆိုင်က၀ယ်တာများပါတယ်။ ကြုံသလိုပေါ့။ ဗူးနဲ့လည်းဆောင်ထားတယ်။ အပြင်ကတော့တစ်ဗူး ၃ထောင်။ တစ်ချို့ ၃၂၀၀ ပေးရတယ်"လို့  အနှေးယာဉ်လုပ်သားတစ်ဦးဖြစ်သူကဆိုပါတယ်။  

စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေး အရာရှိရုံးက ဇွန်၂၅ရက်နေ့ကနေဇွန်၂၇ရက်နေ့အထိ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာရောင်းချခြင်းရှိမရှိကို Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေကိုပြုလုပ်ခဲ့ပြီး မန္တလေးတွင်လည်း  သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင် စစ်ဆေးအရေးယူမှုတွေပြုလုပ်နေတယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါတယ်။  

အဲ့ဒီလိုစစ်ဆေးခဲ့ပြီးနောက်ဒီကနေ့ ဇွန် ၂၈ရက်နေ့မှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း၉၂တစ်လီတာလျှင် ၂၆၅၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၆၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၉၅ကျပ်ဖြစ်ပြီးဈေးနည်းမြင့်တက်လာတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်ကနေ ဇွန်၂၇ရက်နေ့အထိ  ဈေးနှုန်းတွေကတော့  အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၈၀ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၇၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၂၀ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင်၂၈၅၀ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းနဲ့တစ်ပတ်တိတိဈေးတည်ငြိမ်လာခဲ့ပြီး ဇွန်၂၈ရက်နေ့မှသာ ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026