NEWS

စက်သုံးဆီသတ်မှတ်စျေး မြင့်တက်၊ ပြင်ပပေါက်စျး တလီတာ ၉၀၀၀ ကျပ်အထိ ပေးဝယ်နေရ

CoverLogo
346 Views

ဩဂုတ်လ ၁၆ ရက်နေ့မှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သတ်မှတ်လိုက်တဲ့  စက်သုံးဆီ ရည်ညွှန်းဈေးမှာ ယခင်သတ်မှတ်စျေးထက်  သိသိသာသာ မြင့်တက်လာပါတယ်။

ရန်ကုန်မြို့ရဲ့  ယနေ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးသတ်မှတ်ချက်အရ  အောက်တိန်း 92 တစ်လီတာလျှင် ၂၉၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၀၄၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၁၁၅ ကျပ် ဖြစ်တာကြောင့် 92နဲ့ 95 စျေးဟာ   ယခင်စျေးထက် တစ်လီတာလျှင် ကျပ်၁၅၀ ကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ပြည်တွင်းရှိစက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူဖို့အတွက် ကားများညအိပ် တန်းစီစောင့်ဆိုင်းနေရကာ စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရတာကြောင့် ပြင်ပစက်သုံးဆီပေါက်စျေးဟာ တစ်လီတာလျှင် ၈၀၀၀ ကနေ  ၉၀၀၀ အထိရှိလာနေတယ်လို့ သိရပါတယ်။ 

"ဆီစျေးတက်တာတက်လို့ရတယ်။ ဆီပြတ်လို့မရဘူး။ အကုန်တိုင်ပတ်ကုန်တာ။ ခုဆိုဆီပြတ်တော့အပြင်မှာ ကျွန်တော်တို့ တစ်လီတာ ၉၀၀၀ ပေးရတယ်။ မနေ့က တစ်သောင်းပေးရတယ်။ ဒါကြောင့်ကယ်ရီခကိုလည်း ၅၀၀ ယူနေကျကို ၁၅၀၀  တောင်းရတယ်။ တစ်ချို့ကယ်ရီတွေက ရပ်ထားကြတယ်" လို့ ကယ်ရီမောင်းနှင်သူတစ်ဦးဆိုပါတယ်။ 

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက  ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနဲ့  ပြည်ပမှ ဝင်ရောက်လာမယ် ဆီတင်သင်္ဘောများရဲ့ အခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ဘူးလို့လည်း ဩဂုတ် ၁၅ရက်က ထုတ်ပြန်ထားပါသေးတယ်။ 

ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ် မရောက်မီကာလအတွင်း စက်သုံးဆီအမျိုးအစားအချို့အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လာလို့ ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်တဲ့ ဆိုင်များကို အရေးပေါ်ထပ်မံတိုးမြှင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။


Related posts

Cover
အကျဉ်းသားများ အရေးပေါ်ဆေးကုသခွင့်ရရန် အာဏာပိုင်များကို ငွေကျပ်သိန်းချီပေးနေရဟုဆို
Oct 24, 2025
Cover
အစားအသောက်များတွင် ဖော်မလင်ထည့်ပါက အရေးယူမည်ဟု FDA အသိပေး
Oct 24, 2025
Cover
အလုပ်သမားများ ရုံးတက် ရုံးဆင်းချိန်နှင့် YBS မှတ်တိုင်များတွင် ခရီးသည်များစုပြုံမှုမရှိစေရန် YRTC စစ်တမ်းကောက်
Oct 23, 2025
Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025