NEWS

စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်

CoverLogo
205 Views
 
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့ ယခုတပတ် သတ်မှတ်စျေးအရ ယခင်တပတ်ထက် စက်သုံးဆီ တစ်လီတာ ကို ကျပ်၇၀၀ကျော်မှ ၁၀၀၀ကျော်အထိ ဈေးမြင့်လာတာတွေ့ရပါတယ်။
 
မတ်လ ၂၀ ရက် ဒီကနေ့ ရန်ကုန်အထိုင် စက်သုံးဆီစျေးနှုန်းတွေအရဓာတ်ဆီ 92တစ်လီတာက ၃,၆၁၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ် အထိ ဈေးမြင့်တတ်သွားတယ်လို့ သိရပါတယ်။
 
ယခင်တပတ်ဈေးနူန်းနဲ့ နှိုင်းယှဉ်ပါက 92တစ်လီတာကို ၇၈၀ကျပ်၊95တစ်လီတာကို ၉၂၀ကျပ်၊ဒီဇယ်တစ်လီတာကို ၁၁၈၅ကျပ်နဲ့ပရီမီယံဒီဇယ်တစ်လီတာကို ၁၂၆၀ကျပ် အထိ ဈေးနူန်း မြင့်တတ်သွားတာ တွေ့ရပါတယ်။
 
အခုလို ဈေးနူန်းမြင့်တတ်ပေမယ့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ လွယ်ကူစွာ ဝယ်ယူမရဘဲ အချိန်များစွာ စောင့်ဆိုင်းတန်းစီပြီး ဝယ်ယူနေရတယ်လို့ ယာဉ်မောင်းတွေထံမှ သိရပါတယ်။
 
ဒါ့အပြင် စက်သုံးဆီ ချွေတာရေးအတွက် စစ်ကော်မရှင်မှ အိမ်စီးကားများအပါအဝင်ယာဉ်အချို့ကို စုံ/မစနစ် ဖြင့် တစ်ရက်စီ ထွက်ခွင့်ပေးတာကြောင့် ယာဉ်ပိုင်ရှင်တွေမှာ အခက်ခဲတွေ ပိုမိုဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
 
"" နိုင်ငံတကာ စက်သုံးဆီ ဈေးမြင့်လို့ ဈေးတတ်တာ လက်ခံပါတယ်ပြီးတော့ စက်သုံးဆီ ဝယ်ခွင့် ပမာဏ သတ်မှတ်
တယ် ပြီးတော့ စုံ/မ စနစ် နဲ့ လည်း ထွက်ခိုင်းတယ် ဆီဝယ်ခွင့်ပေးတယ် ဆီက အလွယ်တကူ ဝယ်လို့မရဘူး တန်းစီပြီး အချိန်အတော်ပေးရတာ တခါတလေ တန်းစီလို့ နေ့တစ်ဝက်ကြာတာတောင် မရလိုက်တာရှိသေးတယ် အဲ့တော့ ဆီ ကိုတစ်ရက်တန်းဆီ နောက်ရက် စုံ /မ ဖြစ် မကိုက်လို့ ထွက်မရနဲ့ အတော်လေးအဆင်မပြေဖြစ်တယ် တကယ် တမ်းဖြစ်သင့်တာ စုံ/မစနစ် ကို မထားသင့်ဘူးလိုပြောချင်တယ်""လို့ ရန်ကုန်ရှိ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
 
ဒါ့အပြင်အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်က ရေနံတစ်စည် ဒေါ်လာ ၆၀နဲ့ ၇၀ ဝန်းကျင်ကနေ အခုချိန်မှာ ဒေါ်လာ ၁၀၀ ကျော်လာကြောင်း သိရပါတယ်။
 
အခုလို စက်သုံးဆီ ဈေးနူန်းတွေ မြင့်တတ်လာသလို အလွယ်တကူ ဝယ်ယူမရတာကြောင့် စက်သုံးဆီ ပြင်ပဈေးနူန်း တွေ ဈေးပိုမိုမြင့်လာသလို ပြည်သူတွေ သွားလာရေး အတွက် ခရီးစရိတ် ကယခင်ထက် နှစ်ဆ ပိုမိုကုန်ကျလာရတယ်လို့ ပြည်သူတွေထံမှ သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026