NEWS

စက်သုံးဆီဈေးမြင့်တက်မှုနဲ့ လျှပ်စစ်မီးမမှန်တာကြောင့် SME လုပ်ငန်းတွေ စတင် ရပ်နားလာ

CoverLogo
1.1K Views

SME အေသးစားနှင့် အလတ်စား SME စီးပွားရေးလုပ်ငန်းတွေဟာ လျှပ်စစ်မီး မမှန်တာနဲ့ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာပြီး ရံ့ဖန်ရံခါ၀ယ်ယူရခက်ခဲလာတာတွေကြောင့်  လုပ်ငန်းအချို့ ရပ်နားရတာတွေရှိတယ်လို့  လုပ်ငန်းရှင်တွေက Myanmar Labour News ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လျှပ်စစ်မီးပုံမှန်မပေးဘဲ ဖြတ်တောက်မှုတွေအပေါ်  အသေးစားစက်မှုလက်မှုလုပ်ငန်း လည်ပတ်လုပ်ကိုင်နေသူတွေအတွက်  ပိုခက်ခဲစေလာတာကြောင့် မီးပျက်ချိန်အတိအကျဖော်ပြပေးတာမျိုးနဲ့ စက်ရုံဧ၇ိယာတွေမှာ လျှပ်စစ်မီးပုံမှန်ရရှိအောင် ဆောင်ရွက်ပေးမှသာ  လုပ်ငန်းတစ်ချို့အဆင်ပြေလာနိုင်မယ်လို့ SME လုပ်ငန်းရှင်တွေက ဆိုပါတယ်။

''မီးကမလာ ဆီကဈေးတက် ဆိုတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့၊ အကုန်လုံးအဆင်မပြေဘူး၊ အမှန်တကယ် တခြားဘက်မှာ ပျက်ရင်တောင် စက်မှုဇုန်ဘက်တွေတော့ မှန်သင့်ပါတယ်။  အသေးစားလုပ်ငန်းတွေအနေနဲ့ကတော့  စားသောက်ကုန်နဲ့ကုန်စုံဆိုင်တွေလောက်ပဲ  ကျန်တဲ့လုပ်ငန်းတွေအားလုံး  မပြေကြတော့ဘူး။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆိုရင် လုပ်ငန်းတစ်ခုလုံးကိုပါ ရပ်ပစ်လိုက်ရတယ်။  ကျွန်တော်တို့လုပ်ငန်းတွေဆိုရင်လည်း မီးမလာရင်ရပ်ထားရတယ်။ စက်သုံးဆီဈေးတက်လို့ မီးစက်လည်းမသုံးနိုင်တော့ဘူး။ မဟုတ်ရင်  ကျွန်တော်တို့ အရှုံးတွေချည်းပဲဆိုရင်  လုပ်ငန်းတွေအားလုံးရပ်သွားနိုင်တယ်လို့  ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်၂မှ  လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိအခြေအနေအရ  အသေးစားအလတ်စားလုပ်ငန်းရှင်အချို့ဟာ  လုပ်ငန်းရပ်ဆိုင်းဖို့အထိ ဆိုးဆိုးရွားရွား ဖြစ်ကုန်ကာ  အများစုမှာတော့စက်သုံးဆီ အခက်အခဲကြောင့် အသေးစားနှင့်အလတ်စား SME လုပ်ငန်း ထက်ဝက်နီးပါးက လုပ်ငန်းတွေကို ပုံမှန်ထက်လျော့ချလုပ်ကိုင်လာရတယ်လို့ သိရပါတယ်။

အခုလိုရေရှည် ကြုံတွေ့ လာပါက လုပ်ငန်း အားလုံးနီးပါး ရပ်တန့် သွားနိုင်တယ်လို့ SME လုပ်ငန်းရှင်တွေအပေါ် မီခိုလုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာလည်း  လခစားမဟုတ်တော့ဘဲ နေ့စားအဖြစ်သာခန့်အပ်နိုင်တာကြောင့် လုပ်ငန်းရပ်နားရပါက အလုပ်သမားများစား၀တ်နေရေး အခက်အခဲပါ  ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

''မီးကပျက် ဆီဈေး ဆက်တက်.ရှားပါး နေမယ် ဆိုရင်ရပ်သွားမှာ ကြောက်လို့ မရှိ ရှိတာလေးနဲ့ တောင့်ခံထားရင်း နဲ့ပဲ ကျားကန်ထားရင်း နဲ့ပဲ တောင့်ခံ ကျားကန် လို့ မနိုင်တော့တဲ့ အခြေအနေ တစ်ခု ကို ရောက်ရှိသွားပြီး  မရပ်ချင်ပေမယ့်လည်း ရပ်ပစ်ရမယ့် အနေအထား တစ်ခုသို့ ရောက်သွားမယ် လို့ ထင်မိတယ်'' လို့ အသေးစား , အလတ်စား စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ  လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

SME သမားတွေရဲ့ ကုန်ကြမ်းစျေးနှူန်းမြင့်တက်လာမှုဟာ ရှေ့လျှောက်ရပ်တည်နိူင်ဖို့အလွန်ခက်ခဲလာကာ  ရောင်းလိုအားနဲ့ဝယ်လိုအား မှာလည်း ဝယ်လိုအားဘက်က မိမိထုတ်ကုန်အမှာကျဆင်းလာမူ့ဟာပိုပြီးသိသာလာတာမို့ရှေ့မတိုးနောက်မဆုတ်ဘဲ မယိုင်လဲအောင်ရပ်နေရတဲ့ဘဝမျိုးဖြစ်တာကြောင့် SME ချေးငွေဖြင့်လည်ပတ်နေသူအချို့ဆိုရင် ဘဏ်တိုးကိုပင်အခက်ခဲဆုံးဖြေရှင်းနေရပြီလို့ဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026