NEWS

စက်သုံးဆီဈေးတက်လို့ ဘေးတွဲယာဉ်မောင်းတွေ အခက်တွေ့

CoverLogo
562 Views

လက်ရှိမှာဘေးတွဲဆိုင်ကယ်နဲ့ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်သူများလာပြီး စက်သုံးဆီ ဈေးတက်တာကြောင့် ဝင်ငွေရရှိမှု‌နည်းလာတယ်လို့လုပ်ကိုင်သူ‌တွေကပြောပါတယ်။


လက်ရှိမှာဓာတ်ဆီတစ်ဗူးကိုကျပ်လေးထောင်ထိပေးဝယ်နေရပြီးဝယ်ယူရလည်းခက်ခဲနေပါတယ်။ဒီအခြေအနေမှာကယ်ရီခတွေကိုလည်းအရင်လိုလျော့ပေးလို့မရဘူးလို့သူတို့ကပြောပါတယ်။


ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံအစရှိတဲ့မြို့သစ်တွေမှာနေထိုင်သူတွေဟာ တက္ကစီတွေထက်ဘေးတွဲဆိုင်ကယ်တွေကိုငှားစီးတာပိုများပြီးအလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖြစ်နေပါတယ်။


ဒါကြောင့်အမျိုးသားတွေတင်မဟုတ်ဘဲအမျိုးသမီးတစ်ချို့ပါဘေးတွဲဆိုင်ကယ်တွေနဲ့‌အသက်မွေးဝမ်း ကျောင်းပြုကြပါတယ်။
"အခုကစက်ရုံမှာလုပ်တာထက်ကိုယ့်ဘာသာကယ်ရီ‌ထွက်ဆွဲတာပိုအဆင်ပြေတယ်ဆိုပြီးလုပ်ကြတယ်။နောက်ဝင်ငွေကတစ်ရက်နှစ်သောင်းပတ်လည်လောက်ဝင်တယ်။ဆွဲကောင်းတဲ့နေ့တော့ပိုများတာပေါ့။ဒါပေမယ့်အခုကျစက်ဆီဈေးကတက်တယ်။နောက်ကုန်ဈေးနှုန်းတွေလည်းတက်တော့ကယ်ရီခကတက်တယ်။ဒီ‌တော့ အရင်စီးနေကျသူတွေကအစသိပ်မစီးတော့ဘူး။နောက်တိုးလာတဲ့အစီးရေပေါ့နော်။အခုကစီးချင်တဲ့သူထက်မောင်းတဲ့သူပိုများနေတော့ဖောက်သည်မရှိရင်မလွယ်ဘူး"လို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတစ်ဦးကပြောပါတယ်။


လက်ရှိမှာ ဆိုင်ကယ်ပြင်ဆင်စရိတ်တွေဟာလည်း မြင့်တက်နေပြီး  အုံနာကြေးကလည်း တစ်ရက်ကို ကျပ်(၂၅၀၀)ပေါက်ဈေး ရှိနေတာပဲ ဖြစ်ပါတယ်။


"အရင်က ဟိုနားဒီနားနီးရင် ငါးရာပေါ့။ အခုကျ တစ်ထောင်၊ ခုနှစ်ရာ လူကြည့်တောင်းတယ်။ နောက်အဝေးကြောင်းဆို ချိန်ရတယ်။ ‌ပိုက်ဆံရလည်း သိပ်မလိုက်ရဲဘူး။ ကျွန်တော်အသိထဲမှာတင် ကောင်မလေးတွေငှားလို့ လိုက်ပို့တာ။ ‌ပို့တဲ့နေရာရောက်မှ ဂါလီအလုခံရတာတွေရှိတော့ မလိုက်ရဲဘူး။ ဖောက်သည်တွေကလည်း တော်ရုံလမ်းလျှောက်နေတော့ ရေရှည်တော့ မလွယ်ဘူး"လို့ ဘေးတွဲသမားတစ်ဦးက ပြောပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026