NEWS

ငလျင်သင့်ဒေသ များရှိ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေ အရေးပေါ်လိုအပ်နေ

CoverLogo
136 Views
 
မြန်မာနိုင်ငံရှိ ငလျင်သင့်ဒေသတွေမှာနေထိုင်တဲ့ လူဦးရေ ၄ဒသမ၃သန်းကျော် သန့်ရှင်းသောရေနဲ့သန့်ရှင်းရေးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ United Nation OCHA Myanmar က ထုတ်ပြန်ထားပါတယ်။
မတ်လ၂၈ရက်က မြန်မာနိုင်ငံ အတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ငလျင်ဒဏ် ပြင်းထန်စွာခံစားရတဲ့ နေရာတွေ မှာ ရေပေးရေးစနစ် ပျက်စီးကုန် ပြီး အိမ်သာအလုံးရေ ၄၂၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး မမှန်တာကြောင့် ရေတင် ဖို့ အခက်ခဲ များ ရှိနေတဲ့ အတွက် အခြေနေတွေ ပိုဆိုးမလာခင် ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူ (၁) သန်းကို ဘေးကင်းတဲ့ရေ၊ အရေးပေါ် အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေး အကူညီတွေ ပေးသွားဖို့
လူသားချင်းစာနာ တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားတယ်လို့ United Nation OCHA Myanmar က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်တွင်လည်း ငလျင်ဘေးသင့် တဲ့ လူဦးရေ ၂ဒသမ ၄သန်းခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဆေးဝါးပစ္စည်း ထောက်ပံ့ရာမှာ လမ်းပန်းဆက်သွယ်ရေး က အဓိက စိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး ငလျင်ဒဏ်ကြောင့် လမ်းတွေ ပျက်စီးသွားတဲ့ အတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တတ်ကာ ထောက်ပံရေးပစ္စည်း များ ပြန်လည်ဖြည့်တင်း ဖို့ အခက်ခဲ ရှိတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်သင့် ဒေသတွေ မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ငှက်ဖျား၊သွေးလွန်တုတ်ကွေး၊တီဘီ၊ HIVနဲ့ ကာကွယ်ဆေးနဲ့ကာကွယ်နေရတဲ့ ရောဂါ အန္တရာယ်တွေ မြင့်တက်နေ
တယ်လို့သိရပါတယ်။

Related posts

Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025
Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025
Cover
နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပါက အရေးယူမည်ဟု မြန်မာသံရုံး ကြေညာ
May 27, 2025
Cover
ညစ်ညမ်းဗီဒီယိုရိုက်ကူးတဲ့ တရုတ်နိုင်ငံသားတွေကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ
May 27, 2025
Cover
လူသုံးကုန်ပစ္စည်းအချို့ဈေးမြင့်တက်မှုကြောင့် ပြုပြင်ရေးလုပ်ငန်းငယ်များ ပြန်လည်လုပ်ကိုင်လာ
May 22, 2025