NEWS

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသား/အကျဉ်းသူတွေ ဆေးကုသခွင့်မရ

CoverLogo
81 Views
 
မန္တလေး အိုးဘိုအကျဥ်းထောင်မှာ ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိ တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေ ဆေးကုသခွင့်မရဘဲ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံ မှ သိရပါတယ်။
မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် အမျိုးသမီးအဆောင် ဖြစ်တဲ့ အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင် ပြိုကျပျက်ဆီးခြင်းနဲ့ အတူ အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်ကို ကာရံထားတဲ့ အုတ်ရိုးပြိုကျခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အဆောက်အဦးတွေ ပြိုကျခဲ့တဲ့ အတွက် အကျဉ်းသား၊ အကျဉ်းသူ ၄ ဦး သေဆုံးခဲ့ကာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့် စိုးရိမ်ရသူ(၉) ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄၀)ကျော်ရှိတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေ မှာ အကျဉ်းထောင်ထဲ ကုသရန်မလွယ်ကူ သဖြင့် ပြင်ပဆေးရုံ ကို ပို့ဆောင် ကုသရန် လိုအပ်နေပေမယ့်ယနေ့အချိန်ထိ ကုသခွင့်မရသေးဘူးလို့ PPNMက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသား အကျဉ်းသူတွေ မှာ မိသားစုဝင်တွေ နဲ့ လည်း ဆက်သွယ်တွေ့ဆုံခွင့်မရတဲ့ အခြေအနေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ အကျဉ်းထောင်ထဲ မှာလဲ ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ ဂွမ်း၊ အနာကျက်ဆေးရည်၊ ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကထုတ်ပြန်ထားပါတယ်။

Related posts

Cover
နေပြည်တော်မှာ တရုတ်ကပေးတဲ့ အသင့်သုံးရုံးခန်းတွေနဲ့ယာယီရုံးလုပ်ငန်းတွေ လုပ်ဆောင်နေဟုဆို
May 10, 2025
Cover
ငလျင်ဘေးသင့် လူမှုဖူလုံရေးအာမခံ လုပ်သားများ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်ထားနိုင်
May 09, 2025
Cover
ခွေးကိုက်ခံရမှု များပြားလာပြီး ကာကွယ်ဆေးထိုးရခက်ခဲလာ
May 06, 2025
Cover
ဘိလပ်မြေဈေးကြီးမြင့်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ရပ်နားရ
Apr 29, 2025
Cover
စစ်ကိုင်း ငလျင်ကြီး တစ်လပြည့်သည်အထိ နောက်ဆက်တွဲ ငလျင်များ ဆက်လှုပ်
Apr 29, 2025
Cover
ငလျင်ဘေးအန္တရာယ်ကြောင့် အလုပ်သမားထောင်ပေါင်းများစွာ ဝင်ငွေဆုံးရှုံးရ
Apr 25, 2025
Cover
ရန်ကုန်လေဆိပ်အခွန် ငါးဆနီးပါး တိုးမြှင့်ကောက်ခံ
Apr 24, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025