NEWS

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ဒီဇင်ဘာ (၁) ရက်နေ့တွင်ကျင်းပမည်

CoverLogo
551 Views

၂၀၂၄ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို လာမယ့် ဒီဇင်ဘာ (၁) ရက်နေ့မှာ ရန်ကုန်မြို့ နဲ့  မန္တလေးမြို့တို့မှာ ကျင်းပသွားမယ်လို့JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJ A)ထံ မှ သိရပါတယ်။ 

၎င်း စာမေးပွဲဖြေဆိုလိုသူတွေ ကို Online System ဖြင့် လျှောက်လွှာလက်ခံခြင်းကို Leve l N1 အတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့ တွင်လည်းကောင်း၊ Level N2 အတွက် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင်လည်းကောင်း၊ Level N3 အတွက်ဩဂုတ် ၁၆၊၁၉၊၂၇ ရက်တို့တွင်လည်းကောင်း၊ Level N4 အတွက် ဩဂုတ် ၂၀၊ ၂၁၊ ၂၈ ရက်တွင် လည်းကောင်း ၊ Level N5 အတွက် ဩဂုတ် ၂၂၊ ၂၃ ရက်တို့တွင်လည်းကောင်း  ဝင်ရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ 


သင်တန်းကျောင်းတွေ အတွက် လျှောက်လွှာ တွေ ကို ဩဂုတ်၂ရက်ကနေ၅ရက်အထိ ကြိုတင်စာရင်းပေးသွင်းခိုင်းထားကာ ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ အများဆုံး (၁၀၀) စောင်နှုန်းဖြင့် လည်းကောင်း မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများ ဆုံး (၅၀)စောင်နှုန်းဖြင့် ရောင်းချသွားမယ်လို့ဆိုပါတယ်။ 

ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁ ၂)ရက် ၊ (၁၃)ရက်နဲ့  မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့ မှာ ရောင်းချပေးမယ်လို့သိရပါတယ်။ 
ရန်ကုန်စာဖြေဌာနအတွက်လျှောက်လွှာ လက်ခံမယ့် ကာလမှာ ဩဂုတ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၉၊၂၀ ရက်နဲ့  မန္တလေးစာဖြေဌာနအတွ က် ဩဂုတ် ၁၄၊ ၁၅ ရက်တို့ဖြစ်တယ်လို့ သိရပါတယ်။ 


ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀)နှစ်အောက်ဖြေဆိုသူတွေ အတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းတို့ကို Level အားလုံးအတွက် ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့တွင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 


Online System ဖြင့် သင်တန်းကျောင်းများအတွက် ရောင်းချခြင်း၊ လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်တို့ကို  JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJ A)page မှာ ထပ်မံကြေညာပေးမယ်လို့ဆိုပါတယ်။ 


ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲကို တစ်နှစ်လျှင်  ဇူလိုင်လနဲ့ဒီဇင်ဘာလ တို့ မှာ တစ်ကြိမ်စီ ကျင်းပပေးတယ်လို့ သိရပါတယ်။ 


Related posts

Cover
အကျဉ်းသားများ အရေးပေါ်ဆေးကုသခွင့်ရရန် အာဏာပိုင်များကို ငွေကျပ်သိန်းချီပေးနေရဟုဆို
Oct 24, 2025
Cover
အစားအသောက်များတွင် ဖော်မလင်ထည့်ပါက အရေးယူမည်ဟု FDA အသိပေး
Oct 24, 2025
Cover
အလုပ်သမားများ ရုံးတက် ရုံးဆင်းချိန်နှင့် YBS မှတ်တိုင်များတွင် ခရီးသည်များစုပြုံမှုမရှိစေရန် YRTC စစ်တမ်းကောက်
Oct 23, 2025
Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025