NEWS

ခွေးကိုက်ခံရမှု များပြားလာပြီး ကာကွယ်ဆေးထိုးရခက်ခဲလာ

CoverLogo
1.1K Views
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွေးကိုက်ခံရမှု များပြားလာသလို ဆေးရုံ ကြီးကို ကာကွယ်ဆေး ထိုးဖို့ လာရောက်သူတွေ နေ့စဥ်ရာချီရှိနေတယ်လို့ သိရပါတယ်။
 
အဆိုပါခွေးကိုက်ခံရမှုနဲ့ပတ်သက်ပြီး စမ်းချောင်းမြို့နယ်ပရဟိတအသင်းတစ်ခုကလည်း ရန်ကုန်ဆေးရုံကြီးမှာ ခွေးရူးကာကွယ်ဆေးလာရောက်ထိုးနှံသူ နေ့စဥ်ရာချီရှိနေသလို ခွေးကိုက်ခံရသူအများစုက လမ်းဘေးခွေးကိုက်ခံရမှုကအများဆုံးဖြစ်တာကြောင့် ဆေးရုံတွေမှာလည်း အလွယ်တကူဆေးထိုးမရတော့ဘဲ ရန်ကုန်ဆေးရုံကြီးမှာသာ သွားရောက်ဆေးထိုးရတာကြောင့် ခွေးရူးကာကွယ်ဆေးထိုးနှံသူ ရာချီနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
"ကျွန်တော့်ကလေးခွေးကိုက်ခံရတာ မြောက်ဥက္ကလာဆေးရုံမှာ ကာကွယ်ဆေးသွားထိုးတာ ဆေးမရှိလို့ထိုးမရဘူး။ ရန်ကုန်ဆေးရုံကြီးမှာသွားထိုးရပါတယ်။ ဟိုမှာလည်းလူကအများကြီးပဲ စောင့်ရတယ်။ ရက်ချိန်းလာထိုးတဲ့သူတွေကလည်းအများကြီး။ အများစုက လမ်းဘေးခွေးတွေကိုက်ကြတာ။ လမ်းဘေးခွေးလိုလို အိမ်မွေးလိုလိုတွေ ကျွေးကြတယ်မွေးကြတယ်။ ကိုက်ခံရရင်တာဝန်မယူကြဘူး" လို့ ခွေးကိုက်ခံရသူ ပြည်သူတစ်ဦးကဆိုပါတယ်။
 
"တစ်နေ့ကမှရန်ကုန်ဆေးရုံကြီးကို လူနာပို့ရင်းရောက်ခဲ့တာ။ ခွေးရူးကာကွယ်ဆေးထိုးတဲ့သူက ရာချီရှိတယ်။ စောင့်နေကြရတာ။ အရင်တုန်းကတော့ မြောက်ဥက္ကလာဆေးရုံနဲ့ သဃ်န်းကျွန်းစံပြဆေးရုံမှာ အလွယ်တကူထိုးလို့ရတော့တယ်။ ခုကတော့ဆေးမရှိလို့ ရန်ကုန်ဆေးရုံကြီးမှာပဲ စုပြုံပီးစောင့်နေကြရတာ" လို့ ပရဟိတအသင်းခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
 
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)စစ်တမ်းများအရ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုနိုင်ငံပေါင်း (၁၅၀)ကျော်တွင် ဖြစ်ပွားလျက်ရှိသော ခွေးရူးရောဂါကြောင့် နှစ်စဉ် လူပေါင်း(၆ဝဝဝဝ)နီးပါး အသက်ဆုံးရှုံးလျက်ရှိပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်ခွေးကိုက်ခံရသူ ဦးရေ မြင့်တက်လျက်ရှိရာ ၂၀၁၇ခုနှစ် တွင်(၁၈၀၀၀၀)၊ ၂၀၁၈ခုနှစ်တွင် (၁၉၂၀၀၀)နှင့် ၂၀၁၉ခုနှစ်တွင် လူဦးရေ (၁၉၃၀၀၀) ခွေးကိုက်ခံခဲ့ရကြောင်း သိရပာတယ်။
 
သေဆုံးမှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် (၁၄၅)ဦး၊ ၂၀၁၈ခုနှစ်တွင်(၇၁) ဦး၊ ၂၀၁၉ခုနှစ် ပထမ(၅)လတွင် (၇၀)ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရပြီး ယခုနောက်ပိုင်းနှစ်တွေမှာတော့ ယခင်ထက်ပိုများလာတယ်လို့ သိရပါတယ်။
 
"အိမ်ကလူတစ်ယောက် စျေးဝယ်သွားရင်း ခွေးကိုက်ခံရလို့ ဆေးရုံကြီးကိုရောက်သွားတယ်.. ခွေးရူးကာကွယ်ဆေးသွားထိုးတာပေါ့.. အဲ့ဒီရောက်မှ ကိုယ်တကယ် အံ့ဩပြီး စိတ်ဘဝင်မကျဖြစ်သွားရတာက ရန်ကုန်မှာ တစ်ရက်အတွင်း ခွေးကိုက်ခံရတဲ့လူဦးရေဟာ ရာချီပြီးရှိနေတာပဲ.. အများအားဖြင့် ကိုက်ခံရတဲ့ဖြစ်စဉ်ဟာ ပိုင်ရှင်မဲ့ လမ်းပေါ်ကခွေးကြောင့်အဖြစ်များတာသိရတယ်။ ကိုယ်တွေလဲ တိရိစ္ဆာန်တွေကိုချစ်တတ်တဲ့သူထဲပါပေမဲ့ ဒီလိုမျိုးနေ့စဉ်လူအများကြီးကိုက်ခံနေရတာဟာ အဆင်မပြေ၊ မဖြစ်သင့်ဘူးလားလို့။ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးကြရတဲ့သူတွေလဲ မနည်းမနောပါပဲ ခွေးရူးရောဂါဟာ ဖြစ်ပြီဆိုရင် ကုရာနတ္ထိပါဆေးမရှိပါဘူး ဒါကြောင့်ဘယ်ခွေးနေနေ၊ ကြောင်နေနေ ကိုက်ခံရပြီဆိုရင် မပေါ့ဆသင့်ပါဘူး.. ၂၄နာရီအတွင်းကာကွယ်ဆေးထိုးကိုထိုးရပါမယ် ပြီးရင် သူ့ရက်အလိုက် ဆက်တိုက်ထိုးရပါတယ်.. လူတွေ အချိန်ကုန် လူပမ်းနဲ့ အလုပ်တွေရှုပ်ကြရတာပေါ့ဗျာ လမ်းပေါ်က ပိုင်ရှင်မဲ့ခွေးတွေလဲလျော့နည်းသွားစေချင်တယ် " လို့လည်း ပြည်သူတစ်ဦးက လူမှူကွန်ရက်စာမျက်နှာမှာ မှတ်ချက်ပြုဖော်ပြထားတာတွေ့ရပါသေးတယ်။
 
ခွေးရူးရောဂါ ဖြစ်ပွားသူလူဦးရေ ၉၅ရာခိုင်နှုန်းကျော်ဟာ ခွေးကိုက်ခံရခြင်းမှတဆင့် ရောဂါကူးစက်ခံရပြီး အများစုက ဆင်းရဲနွမ်းပါးပြီး အသိပညာနည်းပါးတဲ့ ကျေးလက်တောရွာမှာ ဖြစ်ပွားမှုပိုများတယ်လို့သိရပါတယ်။
 
မြန်မာနိုင်ငံမှာ ခွေးကောင်ရေ (၄)သန်း ကျော် ရှိပြီး (၇၀)ရာခိုင်နှုန်းခန့်မှာလမ်းဘေးခွေးဖြစ်တဲ့အတွက် ခွေးရူးရောဂါဖြစ်ပွားမှု ပပျောက်စေရေး ဆောင်ရွက်ရာမှာအဓိကကျတဲ့ လမ်းဘေးခွေးကောင်ရေ လျော့ပါးသွားစေရန် သားဆက်ခြားနည်း သို့မဟုတ် သားကြောဖြတ်နည်းနဲ့ ခွေးရူးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် Mass Dog Vaccination ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဆိုထားပါတယ်။
 
လာမဲ့၂၀၃၀ ပြည့်နှစ်မှာ ခွေးမှတစ်ဆင့်ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှု ပပျောက်ရေး"ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ဌာနဆိုင်ရာက အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Photo_လူမှုကွန်ယက်

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026