NEWS

ကြက်သား တစ်ပိဿာ ကျပ် ၁ သောင်းခွဲနီးပါးအထိ အဆမတန်ဈေးမြင့်လာလို့ လခနည်းလုပ်သားပြည်သူတွေစားသုံးဖို့အခက်တွေ့လာ

CoverLogo
1K Views
 
စားသုံးသူလက်လီဈေးကွက်အတွင်း ကြက်သားဈေးက ၁ ပိဿာကို ငွေကျပ် ၁၅၀၀၀ နှုန်းဈေးတန်းအထိမြင့်တက်နေတာကြောင့် အသားစားသုံးမှုအတွက် ယခင်ကဈေးအတန်ဆုံးဖြစ်တဲ့ကြက်သားကိုပင် လခနည်းလုပ်သားပြည်သူတွေ မစားနိုင်တဲ့အခြေအနေဖြစ်နေကြောင်း စားသုံးသူဈေးကွက်ကနေသိရပါတယ်။
 
"ကြက်သားကပုံမှန်ဆိုဈေးတက်ရင်တစ်ပိဿာ ၁၂၀၀၀ ကျပ်လောက်ပဲအခုဟာကလွန်တယ်။ အသားစားဖို့အတွက်က တစ်ခြားအသားတွေထက်ကြက်သားကသက်သာတော့ အသားစားမယ်ဆိုရင် ကြက်သားကိုပဲစဉ်စားမိတာ အခုလိုဈေးတက်နေပုံနဲ့ကတော့ ကြက်သားတောင် နပ်မမှန်တော့မလိုဖြစ်နေပြီလို့" မြောက်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
 
ကြက်သားဈေးကအဆမတန်မြင့်တက်နေပေမယ့် ကြက်မွေးမြူသူတွေရောင်းချနေတဲ့ဈေးတန်းဖြစ်တဲ့လက်ကား ကြက်ခြံဖမ်းဈေး နှုန်းကတော့( ကြက်နီမ) တစ်ပိဿာကို ငွေကျပ် ၇၃၀၀ - ဒိုင်ရောင်းဈေး ၈၂၀၀ နှုန်းပဲရှိနေသေးတာကြောင့် မြင့်တက်နေတဲ့လက်လီဈေးများအတွင်းက ကြက်သားဈေးက ခြံဖမ်းဈေးထက် ဈေးနှုန်း နှစ်ဆကျော်မြင့်နေတာဖြစ်ကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်နေတဲ့ မွေးမြူရေးလုပ်နေသူတွေထံကသိရပါတယ်။
 
" ကြက်ဈေးကတက်သာတက်တာပါ ။ တစ်ကယ်တမ်းတော့ ခြံဖမ်းဈေးကအဲ့လောက်မရှိဘူး ။ ခုတ်သားဈေးကတက်တော့ ကြက်ဈေးတက်တာက ကြက်သားရောင်းတဲ့ကုန်သည်တွေပဲ အမြတ်ကြီးစားဖြစ်နေတာ တစ်ကယ်အပင်ပန်းခံပြီးအစာဖိုး ၊ ဆေးဖိုး စရိတ်တွေအကုန်ကျခံမွေးတဲ့သူတွေကတော့ စားတဲ့သူဈေးကွက်မှာကြက်ဈေးတက်ပေမယ့် ဈေးတက်တဲ့အကျိုးကိုမခံစားရပါဘူး ။ မွေးတဲ့သူတွေအနေနဲ့က ကြက်ဈေးကိုအဆမတန်တက်သွားစေဖို့လည်းမလိုလားပါဘူး ။ ကုန်သည်နဲ့မွေးမြူသူကြားက ဈေးနှစ်ဆလောက်ကွာနေတာကိုပဲသဘောမတွေ့ကြတာပါ။ ကုန်သည်တွေအနေနဲ့အမြတ်ကြီးစားလွန်းတယ်လို့ပဲမြင်ပါတယ်"လို့ ကြက်မွေးမြူသူတစ်ဦးကပြောပါတယ်။
 
ပုံမှန်အားဖြင့် ကြက်သားဈေးတက်မှုဟာ အလှူမင်္ဂလာပွဲများပြုလုပ်မှုများတဲ့ ပွင့်လင်းရာသီအချိန်များတွင်ဖြစ်တတ်လေ့ရှိပြီး ယခုကဲ့သို့မိုးရာသီမှာတော့ ကြက်သားဈေးတည်ငြိမ်နေတတ်တဲ့ သဘောရှိပေမယ့် လက်ရှိမှာတော့ ဈေးတည်ငြိမ်ရမယ့်အစား ကြက်သားဈေးမြင့်တက်မှုနဲ့စားသုံးသူတွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026