NEWS

ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ

CoverLogo
32 Views
 
အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ အနောက်ဘင်္ဂလားနိုင်ငံတွေမှာဖြစ်ပွား‌ သေဆုံးမှုများနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးသောနီပါဗိုင်းရပ်စ်ကူးစက်မှုမရှိဖို့ရောဂါကာကွယ် ရေးနဲ့ထိန်းချုပ်ရေးအစီစဉ်တွေအချို့ကိုစစ်ကောင်စီရဲ့ ပြည်သူ့ကျန်းမာရေးဌာနကနေ ထုတ်ပြန်လာပါတယ်။
 
တိကျတဲ့ကုသဆေးနဲ့ကာကွယ်ဆေးမရှိ‌​သေးတဲ့နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွား​ခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရှိပါက အချိန်နဲ့ တပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အတွက် စီစဥ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။
 
ဒါကြောင့် လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ သံသယ ရောဂါလက္ခဏာရှိမရှိကို စောင့်ကြပ်ကြည့်ရှုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
 
ဒီဗိုင်းရပ်စ်ရဲ့ အဓိက အန္တရာယ်က သေဆုံးနှုန်း မြင့်မားတာဖြစ်သလို WHO အချက်အလက်အရ ဖြစ်ပွားမှု တစ်ခုချင်းစီမှာ ၄၀% ကနေ ၇၅% အထိ ရှိနိုင်လို့ကူးစက်ခံရသူ ၁၀ ဦး ရှိရင် အနည်းဆုံး ၄ ဦး ကနေ အများဆုံး ၇-၈ ဦး အထိ သေဆုံးနိုင်ကြောင်းနီပါဗိုင်းရပ်စ် Nipah virus က လျင်မြန်စွာ ကူးစက်မှုပြင်းထန်လာနိုင်ပြီး လူချင်း ကူးစက်နိုင်တာကြောင့် အစောပိုင်း သတိထားမှုက အရေးကြီးဆုံးလို့ဆိုပါတယ်။
 
" နီပါဗိုင်းရပ်စ်က လူအစုအလိုက်ရှိတဲ့ပတ်ဝန်းကျင်တွေ ဥပမာကျောင်း၊ဈေး၊ စက်ရုံ၊အလုပ်ရုံတွေကိုရောက်ရှိသွားပါက၊ကူးစက်မှု အန္တရာယ်ကြီးမားလို့ ရောဂါရဲ့ ကူးစက်နိုင်ဖွယ်အခြေအနေတွေကို ပြည်သူလူထုကြိုသိထားဖို့ကပိုအရေးကြီးပါတယ်"လို့ အထွေထွေရောဂါကုဆရာဝန်တယောက်ကပြောပါတယ်။
 
အဆိုပါဗိုင်းရပ်စ်ကူးစက်မှုရဲ့ ရောဂါလက္ခဏာတွေက ဖျားနာခြင်း ၊ စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ သတိလွတ်ခြင်း၊ သတိလစ်ခြင်း၊ စကားမပြောနိုင်ခြင်း) နဲ့ အဖျားကြီးခြင်းကြောင့် မဟုတ်ဘဲ တက်ခြင်း အစရှိတဲ့ လတ်တလော ဦးနှောက်​ယောင်ခြင်း လက္ခဏာစုနဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းအစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ခံစားရခြင်း စတဲ့အခြေအနေတွေတွေ့ကြုံနေရတဲ့လူနာတွေ့ရှိပါကလည်း လိုအပ်တဲ့ ဆေးကုသမှု ခံယူနိုင်စေဖို့ နီးစပ်ရာ ဆေးရုံကို လွှဲပြောင်း ကုသမှု ခံယူစေရန် ညွှန်ကြားထားကြောင်း စစ်ကောင်စီရဲ့ကျန်းမာရေးဌာနကဖော်ပြထားပါတယ်။
 
လူနာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ဖျားနာသူ ရှိ/မရှိ ရှာဖွေခြင်း ၊ ရောဂါဖြစ်ပွားမှု ဒေသတွင်းကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း ၊ သတင်းပေးပို့ခြင်း ဆောင်ရွက်ရန်၊ လင်းနို့ နေထိုင်ကျက်စားမှု ရှိ/မရှိ နဲ့ ဝက်အစရှိတဲ့ တိရိစ္ဆာန်တွေ အစုလိုက် နေမကောင်းခြင်း သေဆုံးမှုရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း ၊ ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း စီစဥ်ထားတယ်လို့ သိရပါတယ်။
 
ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့လည်း သံသယလူနာကို ထိတွေ့ကိုင်တွယ်ရာမှာ ပါးစပ်နဲ့ နှာခေါင်းစည်း ၊ လက်အိတ်နှစ်ထပ် နဲ့ PPE ကို စနစ်တကျ ဝတ်ဆင်ရမှာ ဖြစ်သလို အစားအစာ ဘေးကင်းရေးအတွက် လူနာနေထိုင်ရာပတ်ဝန်းကျင်မှာ လင်းနို့ကိုက်ထားတဲ့ အသီးတွေ မစားရန်၊ အုန်းရည်/ထန်းရည်ကို အစိမ်းမသောက်ရန်နဲ့ ကျိုချက်ပြီးမှ သောက်ရန်၊ အစာမစားမီနဲ့ လက်ကို မကြာခဏဆေးကြောနိုင်ရေး ပညာပေးဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
 
လတ်တလော ရောဂါဖြစ်ပွားရာ ဒေသကို ခရီးသွားခဲ့ပြီး မိမိနိုင်ငံကို ပြန်လာစဉ် သံသယရောဂါတွေ ဖြစ်တဲ့ ပြင်းထန်စွာ ဖျားခြင်းနဲ့ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း ၊ အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်ရှိ တာဝန်ကျ ကျန်းမာ ရေးဝန်ထမ်းတွေ ထံ မပျက်မကွက် သတင်းပို့ဖို့လည်း ညွှန်ကြား ထားတယ် လို့သိရပါတယ် ။
 
ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး (၁၄) ရက်အတွင်း အထက်ဖော်ပြပါ သံသယ ရောဂါ လက္ခဏာခံစားရပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသကိုခ ရီးသွားခဲ့တဲ့ ရာဇဝင်ရှိကြောင်း ဆရာဝန်ကို သေချာ ပြောပြပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးကုသမှုများ ကို အချိန်မီ ခံယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
မိသားစုထဲမှာလည်း ရောဂါဖြစ်ပွားရာနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာရှိသူကို တွေ့ရှိပါက ဖြစ်စေ ၊ နေထိုင်ရာပတ်ဝန်းကျင်မှာ တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေတာကို တွေ့ရှိရပါက နီးစပ်ရာကျန်းမာရေးဌာနကို အသိပေးဖို့ဖော်ပြထားပါတယ်။
 
နီပါဗိုင်းရပ်စ်က လင်းနို့ကနေ အဓိက ကူးစက်တာဖြစ်လို့ ရောဂါပိုးရှိတဲ့ လင်းနို့ရဲ့ တံတွေး၊ ဆီး၊ သွေး နဲ့ ထိတွေ့ခြင်း၊ လင်းနို့ စားထားတဲ့ အစားအသောက်၊ အသီးအနှံကို စားသုံးမိခြင်းကမှ ဝက်နဲ့ လူကို ကူးစက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
 
လူ မှ လူကိုလည်း ရောဂါကူးစက်နိုင်ကြောင်း ၊ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ (ဥပမာ-တံတွေး၊ သွေး၊ ဆီး) နဲ့ တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးကပ်ငြိနေတဲ့ အသီးအနှံကို စားမိတဲ့ ဝက်မှလည်း လူကို ထိတွေ့စားသုံးမိခြင်းတို့မှလည်း ကူးစက်နိုင်တယ်လို့ သိရပါတယ် ။
 
လက်ရှိ ၂၀၂၆ ဇန်နဝါရီလ အတွင်း အိန္ဒိယ နိုင်ငံ West Benga ပြည်မှာ နီပါးဗိုင်းရပ်စ် ကူးစက်မှု အတည်ပြု ဖြစ်ရပ် ၅ ခု ထိ ရှိနေပြီး၊ ဆေးရုံ ကျန်းမာရေး ဝန်ထမ်းတချို့ ပါဝင်နေရာဒါ့အပြင် ကူးစက် သံသယရှိသူ လူနာ ၁၀၀ကို quarentine ဝင်ခိုင်းကာ စောင့်ကြည့်ထားရတယ်လို့ဆိုပါတယ်။
 
Nipah Virusက တိရစ္ဆာန်ကမှ တဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ မလေးရှား နဲ့ စင်ကာပူနိုင်ငံတို့မှာ ဝက်နဲ့ လူတွေကို ကပ်အသွင် ကူးစက်ဖြစ်ပွားရာကနေ စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026
Cover
၁၁နှစ်အတွင်း အလုပ်အကိုင် ၇၁မျိုးအတွက် ကျွမ်းကျင်လုပ်သား ၄၀၀၀၀ ကျော် ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ဟု ဆို
Jan 08, 2026