NEWS

ကုန်ထုတ်လုပ်မှုအတွက် လုပ်သားအင်အားမလုံလောက်ခြင်းနှင့်အခြားအကြောင်းများကြောင့်  CJ Feed Myanmar တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချမှု ယာယီရပ်နား

CoverLogo
442 Views

ကုန်ထုတ်လုပ်ရန် လုပ်သား အင်အားမလုံလောက်ခြင်း နဲ့ လတ်တလောဖြစ်ပွားနေတဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှုကျဆင်းလာခြင်းအပေါ် မူတည်ပြီး ထုတ်လုပ်မှုတွေ ခေတ္တရပ်နားထားမယ်လို့ တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေတဲ့  CJ Feed Myanmar က ကြေညာလိုက်ပါတယ်။

မေလ ၂၈ ရက်နေ့ကစပြီး CJ ကုမ္ပဏီရဲ့ တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေမှုကို ခေတ္တရပ်နားထားမှာဖြစ်ပြီး လက်ရှိကာလမှာ လုပ်ငန်းလည်ပတ်နိုင်မှုတွေက အရင်ကထက် ပိုမိုပြီး ကျဆင်းလျက်ရှိနေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့ အရောင်းအဝယ်လုပ်ငန်းတွေ ခက်ခဲလာခြင်း၊ ကုန်ကြမ်းစရိတ်တွေ တိုးမြှင့်လာခြင်းနဲ့ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းတွေကို ရင်ဆိုင်ရတဲ့အပြင် လုပ်ငန်းလည်ပတ်ဖို့အတွက် ထုတ်လုပ်မှုလုပ်သားအင်အား မလုံလောက်မှုတွေ ဖြစ်ပေါ်နေခြင်းကလည်း မလွန်ဆန်နိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုလာပါတယ်။

CJ ရဲ့ အရောင်းကိုယ်စားလှယ်တွေ၊ ဖောက်သည်တွေအနေနဲ့ ကုန်ဖိုးကြွေးကျန်တွေကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး CJ ကုမ္ပဏီကို မပျက်မကွက် ပြန်လည်ပေးသွင်းကြဖို့လည်း ကုမ္ပဏီဘက်က မေတ္တာရပ်ခံထားပါတယ်။

  "" အခုလို တိရစ္ဆာန် အစာ ထုတ်တဲ့ တခြား စက်ရုံ တွေ မှာ လည်း အခုလို အခက်ခဲ တွေ ဖြစ်နေကျတယ် သူတို့လဲ ဖြစ်သလို ဖြေရှင်း ရင်း တောင့်ခံနေရတာပဲ အခုက စက်ရုံ တွေ မှာတင် လုပ်သားရှားတာ မဟုတ်ဘူး စိုက်ပျိုးရေး လုပ်ငန်းတွေ မှာလည်း လုပ်သား ရှားတယ် ပြည်ပ ကို ထွက်ကျတာ များတယ် ကျွန်တော်တို့ ပြောင်းစိုက်ပျိုးရေး မှာဆိုလည်း လုပ်အားခ တစ်ရက်ကို ၁၂၀၀၀ ၊၁၅၀၀၀ကျပ် ပေးပေမယ့် လုပ်မယ့်သူက အလွန်နည်းနေတယ်""လို့ ပြောင်းစိုက်ပျိုးသူတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ စစ်မှုထမ်း ဥပဒေ စတင်ကျင့်သုံးပြီးနောက်ပိုင်း လူငယ်အများအပြား ပြည်ပထွက်ခွာကြသလို ပြည်တွင်းစီးပွားရေးကျဆင်းမှုတွေကြောင့်လည်း လုပ်ခနည်းပါးလို့ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုဇုန်နှင့် စိုက်ပျိုးရေး၊ မွေးမြုရေးလုပ်ငန်းတွေအပြင် လုပ်ငန်းအသီးသီးအလိုက် လုပ်သားအင်အားရှားပါးမှုတွေကြုံတွေ့နေရတာပါ။ 

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026