NEWS

ကုန်ဈးနှုန်းမြင့်တက်လာမှုနှင့်အတူ အခြေခံပြည်သူတွေ ကျပ်တည်းလာ ၊ ပြည်တွင်းစားဆီတစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့်ရောင်းချပေးနေဟုဆို

CoverLogo
1.6K Views

ပြည်တွင်းစားဆီ ဈေးနှုန်းမြင့်တက်လာနေချိန် အခြေခံလူတန်းစားများအဆင်ပြေနိုင်ရန်ဟုဆိုကာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားဆီတစ် ပိဿာလျှင် ၃၇၀၀ ကျပ် ဖြင့်ရောင်းချပေးနေတယ်လို့သိရပါတယ်။

''စားဆီတစ်ပိသာကို၃၇၀၀ နဲ့ရောင်းပေးနေတာ။ ကျွန်မတို့မှာဝမ်းသာနေတာပဲ။ စျေးမှာတစ်ပိဿာ တစ်သောင်းကျော်ပေးရတယ်။ ငါးဆယ်သားဝယ်တိုင်း ငါးထောင်ကျော်ခြောက်ထောင်ရှိတယ်။ အများကြီးသက်သာတယ်။တစ်ပတ်တစ်ကြိမ်လောက်ဆိုပိုကောင်းတယ်။ တကယ့်အောက်ခြေအထိ ရပ်ကွက်တွေထဲလိုက်ရောင်းပေးနိုင်ရင်ပိုကောင်းတယ်''လို့ ဒဂုံမြို့သစ်တောင်ပိုင်းက  ဆီတန်းစီဝယ်ယူခဲ့သူတစ်ဦးက ပြောပါတယ်။

ပေါ်ဆန်း ဆန်တစ်အိတ် တစ်သိန်းနားကပ်လာပြီး  စားသုံးဆီတစ် ပိဿာလျှင် တစ်သောင်းကျော်ဝန်းကျင်ရှိနေချိန် အထွေထွေကုန်စျေးနှုန်းအကျပ်အတည်းကလည်း နေ့စဥ် ၀န်ထုပ်၀န်ပိုးဖြစ်လာနေတယ်လို့ လူထုကြားငြီးတွားပြောဆိုမှုတွေရှိနေပါတယ်။​

ကုန်စျေးနှုန်းမြင့်တက်လာမှုများကြောင့် ဆန်နှင့်ဆီကို သက်သာသောနှုန်းထားနဲ့ လက်လီးစျေးရောင်းချပေးခြင်းကို UMFCCI  မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံဆန်စပါးအသင်းတို့ ပူးပေါင်းစီစဥ်မှုဖြင့်ရန်ကုန်မြို့ရှိ မြို့ယ်နယ်အနှံ့အပြား၌  စားသုံးသူပြည်သူများအား စားဆီ၁ ပိဿာ ၃၇၀၀ကျပ် ဆန်တစ်ပြည်် ၁၁၀၀ ကျပ်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

အခုလိုရောင်းချပေးနေပေမဲ့ တန်းစီသူအချို့မှာ ရောင်းချပေးတဲ့ဆီမလုံလောက်တာကြောင့် လှည့်ပြန်ရသူအများအပြားရှိတာကြောင့် အဆိုပါရောင်းချမှုကို အရှိန်မြင့်ရောင်းချပေးရန်နဲ့ အလုံအလောက်ရောင်းချပေးနိုငိပါက လက်ရှိမြင့်တက်နေတဲ့ဆီစျေးနှုန်းကျဆင်းလာနိုင်မယ်လို့ရပ်ကွက်နေပြည်သူများက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းမြင့်တက်လာမှုတွေကြောင့် စီးပွားရေးကျဆင်းမှုများ အလုပ်အကိုင်ရှားပါးလာခြင်းတို့နဲ့အတူအခြေခံလူတန်းစားများ၏ မီးဖိုချောင်အသုံးစရိတ်ကို ချွေတာသုံးစွဲရပြီး စားဝတ်နေရေးအခက်ခဲများပင် ရင်ဆိုင်လာရတယ်လို့ ပြည်သူအများကဆိုပါတယ်။

MyanmarLabourNews


Related posts

Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026
Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026