NEWS

ကုန်ဈေးနှုန်း မြင့်တက်မှုဂယက် ဆိုင်ကယ် ကယ်ရီဆွဲသူတွေကိုပါရိုက်ခတ်လာ

CoverLogo
463 Views

အခြေခံလူတန်းစားတွေအများဆုံးအသုံးပြုတဲ့ဘေးတွဲဆိုင်ကယ်တွေဟာလက်ရှိမှာခရီးသည်ရရှိမှုနည်းလာကြောင့်စားဝတ်နေရေးအခက်အခဲတွေရှိနေပါတယ်။ 

စစ်အာဏာာသိမ်းထားတဲ့ကာလကြာလာတာနဲ့အမျှပြည်သူတွေဟာစားဝတ်နေရေးပိုမိုခက်ခဲလာတာဖြစ်ပြီး ဘေးတွဲဆိုင်ကယ်မောင်းတာဟာအရင်ကဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့ဆက်လက်ရပ်တည်ဖို့ခက်ခဲလာတာဖြစ်ပါတယ်။ 

"အများစုကအသက် ၃၅ အထက်တွေမောင်းကြတာ။ကျွန်တော်တို့အသက်အရွယ်နဲ့ဘယ်အလုပ်ဝင်လို့ရမှာလဲ။အရင်ကတော့ဖောက်သည်ရှိရင်ရှိသလိုရတယ်။အခုကျစီးနေကျဖောက်သည်တွေကတောင်လမ်းလျှောက်တာများလာတယ်။အခုကတော့ကျောင်းလပေးဆွဲတာလေးတွေရှိသေးတယ်။ကျောင်းတွေပိတ်ရင်ပိုဆိုးမှာလို့"ဘေးတွဲကယ်ရီသမားတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာစက်သုံးဆီဈေးနှုန်း မြင့်တက်နေသလိုပြင်ဆင်စရိတ်တွေဟာကြီးမြင့်နေတာကြောင့် စီးနင်းခကိုလည်းလျှော့ပေးဖို့အခက်အခဲရှိနေတယ်လို့သိရပါတယ် ။ 

"အခုကဂိတ်ထိုးရင်‌လည်းလတိုင်းပေးရတာရှိတယ်။ကုန်ဈေးနှုန်းကလည်းတက်နေတယ်။ကိုယ်လိုထိုင်နေရတဲ့သူတွေကလည်းအများကြီးပဲ။ဒါပေမယ့်ဈေးကအရင်လိုမခေါ်တာတောင်အရမ်းလျှော့လို့မရတော့ဘူး။ခရီးသည်ကလည်းစက်ဘီးနဲ့သွားကြတယ်။လိုင်းကားစောင့်စီးတယ်။အခုဆိုဂိတ်ထိုးလည်းအခြေအနေမကောင်းဘူး။အရင်တစ်မနက်လောက်ရတဲ့ငွေကအခုတစ်ရက်လောက်ရှာရတယ်"လို့ဘေးတွဲကယ်ရီသမားတစ်ဦးကပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာဘေးတွဲဆိုင်ကယ်မောင်းသူတွေကိုမူဝါဒအမျိုးမျိုးထုတ်ပြန်ကာအကြပ်ကိုင်နေပြီးလက်ရှိမှာတော့‌အမိုးမတပ်ဖို့၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့၊ ဂိတ်တည်‌နေရာသားထားတဲ့အင်္ကျီဝတ်ဆင်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။ 

စစ်ကောင်စီဟာဘေးတွဲဆိုင်ကယ်မောင်းသူတွေဆီက ဆက်ကြေးကိုလစဉ်တောင်းခံသလိုလူအင်အားအသုံးပြုဖို့လိုအပ်တဲ့နေရာတွေမှာလည်းခေါ်ယူအသုံးပြုနေတာဖြစ်ပါ


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026