NEWS

ကလေးငယ်နဲ့ အမျိုးသမီးတွေပါမီးရှို့သတ်ဖြတ်ခံရမှု လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး KSCC ရှုတ်ချ၊ နိုင်ငံတကာခုံရုံးတွင် တရားမျှတမှုရှိရှိ အရေးယူနိုင်ရေး တောင်းဆို

CoverLogo
1.6K Views

ယမန်နေ့ဒီဇင်ဘာ ၂၄ရက်နေ့တနေ့ထဲမှာတင် ကရင်နီပြည်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကလူပေါင်း ၄၀ ကိုသတ်ဖြတ်ခဲ့တယ်လို့ကရင်နီပြည်နယ်အခြေစိုက်တော်လှန်ရေးအင်အားစုတွေကထုတ်ဖော်ပြောဆိုပါတယ်။

မနေ့က ကရင်နီပြည်နယ်ဖရူဆိုမြို့နယ်အတွင်း မိုဆိုကျေးရွာကို စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ ဦးဆောင်စစ်ကြောင်းဝင်ရောက်ထိုးစစ်ဆင်လာတဲ့အတွက်ကရင်နီတပ်(KA)နဲ့KNDFတို့ကခုခံတိုက်ခိုက်ခဲ့လို့ရွာအနီးမှာ ၄ နာရီလောက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်းနဲ့တိုက်ပွဲဖြစ်ပွားအပြီးမှာပဲစစ်ကောင်စီတပ်သားတွေဟာမိုဆိုကျေးရွာအတွင်းဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဒန်ပါကား၃စီး၊ ကားငယ်သုံးစီး၊ ထော်လာဂျီနှင့်ဆိုင်ကယ်၅စီးမီးလောက်ပျက်ဆီးခဲ့တဲ့အပြင်
ကလေးငယ်နှင့်အမျိုးသမီးများပါဝင်တဲ့ ကျေးရွာသားတွေကိုဖမ်းဆီးသွားခဲ့ပါတယ်။

ပြည်သူတွေကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးနှိပ်စက်နေခဲ့တဲ့အပြင်နေအိမ်တွေကိုပါဖျက်ဆီးနေတာကြောင့်မိုဆိုကျေးရွာအနီးကရင်နီနယ်ခြားစောင့်တပ် ၁၀၀၄ရဲ့ ကင်းစခန်းကတပ်ဖွဲ့ဝင်၄ဦးသွားရောက်တာမြစ်ခဲ့ပေမယ့်စစ်တပ်ကသူတို့ကိုပါဖမ်းဆီးပြီးလက်ပြန်ကြိုးတုပ်ကာဦးခေါင်းကိုသေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

photo- KNDF

ဒီကနေ့မနက်ပိုင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအလောင်းနဲ့ယမန်နေ့ကဖမ်းဆီးသွားတဲ့မိုဆိုကျေးရွာဒေသခံတို့ကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ထားတဲ့ရုပ်ကြွင်းတွေကိုတွေ့ရတယ်လို့မှတ်တမ်းသက်သေတွေနဲ့တကွဖော်ပြလာကြပါတယ်။မှတ်တမ်းတွေအရစုစုပေါင်း၃၅လောင်း အထိရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်အဲ့ဒီ့နေ့တရက်ထဲမှာပဲ ဘာဒိုရွာမှာစစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှု့ကြောင့်ဒေသခံ၂ဦးအပြင်းအထန်ဒဏ်ရာရပြီးသေဆုံးခဲ့ရတဲ့အ​ပြင်စစ်ကောင်စီတပ်ခမရ ၅၄ ကလက်နက်ကြီးနဲ့ဒိုနာရွာနဲ့နာနတ်တောရပ်ကွက်လူနေအိမ်တွေကိုပစ်ခတ်တာကြောင့်အရပ်သားတဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ယခုလိုသတ်ဖြတ်မှု့ဟာလူမျိုးစုတခုအပေါ်လူမျိုးတုန်းသတ်ဖြတ်မှု့ကျူးလွန်နေတာဖြစ်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ရှုချကြောင်းနဲ့နိုင်ငံတကာခုံရုံးအနေနဲ့လည်းယခုလိုသတ်ဖြတ်မှု့တွေကိုအမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ပေးစေလိုတယ်လို့ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကအရေးပေါ်ကြေညာချက်တရပ်ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမေလ၂၀ရက်နေ့ကစပြီးစစ်ကောင်စီတပ်တွေနဲ့ဒေသခံပြည်
သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်တွေရဲ့ရမ်းသန်းပစ်ခတ်မှု့တွေနဲ့မီးရှို့ဖျက်ဆီးမှု့တွေကြောင့်လူနေအိမ်(၆၅၂)လုံးပျက်ဆီးဆုံးရှုံးခဲ့ရပြီး၊အရပ်သားရာပေါင်းများစွာဟာစစ်ကောင်စီတပ်ရဲ့သတ်ဖြက်မှု့တွေကြောင့်သေဆုံးခဲ့ရသလိုပြည်နယ်ရဲ့လူဦးရေထက်ဝက်နီးပါးဖြစ်တဲ့ ၁၅၀၀၀၀ ခန့်ဟာအိုးပစ်အိမ်ပစ်နဲ့စစ်ဘေးရှောင်နေရတယ်လို့ဒေသခံတော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

KSCC ထုတ်ပြန်ချက်


 

KSCC ထုတ်ပြန်ချက်

Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026