NEWS

ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းထဲ မြန်မာကအဆင့် ၁၁၈ သတ်မှတ်ခံရ

CoverLogo
539 Views
 
ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀‌ ကျော်ရဲ့ အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းအဆင့်သတ်မှတ်မှုတွေအရ မြန်မာနိုင်ငံက ပျော်ရွှင်မှုအဆင့် ၁၁၈ သတ်မှတ်ခံရပြီးနိုင်ငံတွင်းလူမှုစီးပွား ပဋိပက္ခတွေကြောင့် အရာရာဆုတ်ယုတ်နေကာ ပျော်ရွှင်မှုမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂစစ်တမ်းဖော်ပြချက်တွေကနေသိရပါတယ်။
 
ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ဖော်ပြချက်အရ ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံကိုရွေးချယ်ရာမှာ နိုင်ငံပေါင်း ၁၄၃ နိုင်ငံကလူတွေရဲ့ဘဝနဲ့တိုင်းတာပြီးအကဲဖြတ်ခဲ့ကြကာ လူမှုရေးထောက်ပံ့မှု၊ ဝင်ငွေ၊ ကျန်းမာရေး၊လွတ်လပ်မှု၊ လှူဒါန်းမှုနဲ့ လာဘ်စားမှုကင်းစင်တဲ့အခြေအနေတွေအပေါ်မူတည်ပြီး ဆုံးဖြတ်ကြတယ်လို့ဆိုပါတယ်။
 
မြန်မာနိုင်ငံဟာ ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံ စစ်တမ်းအရ ရမှတ် ၄ ဒဿမ၃၅ အဆင့်၁၁၈ ချိတ်ခဲ့ရာ ဒါဟာပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က အဆင့်သတ်မှတ်ချက် ၁၁၇ ချိတ်တာထက် နောက်တစ်ဆင့်လျော့ကျလာပြီး ပျော်ရွှင်မှု မရှိတာများလာနေတာပါ။
 
ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်း မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆက်စပ်ဖော်ပြချက်အရ နိုင်ငံတွင်းမှာ ၁မိနစ်ကိုလူ၁ယောက်နှုန်းသေဆုံးနေသလို ၁၃မိနစ်ကိုလူ၁ယောက်နှုန်းပြည်ပကိုပြောင်းရွှေ့နေထိုင်နေတယ်လို့ဆိုပါတယ်။
 
" မြန်မာနိုင်ငံရဲ့ပျော်ရွှင်မှုတွေ၊ အပန်းဖြေခရီးသွားနှစ်တွေက ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးထဲက အလုံးစုံပျောက်ဆုံးသွာတာပါ။အရင်ကဆိုသာမန်မိသာစုတစ်စုမှာအနည်းဆုံး ၁နှစ်ကို ပျော်စရာခရီးစဉ်၁ခုတော့ သွားလာကြပါတယ်။အခုကတော့ လမ်းခရီးအခြေအနေတွေအရနိုင်ငံတစ်ခုလုံးနီးပါးမှာတိုက်ပွဲတွေဖြစ်နေလို့ ခရီးအသွားအလာမကောင်းတော့သလို လူတိုင်းနီးပါးက ကုန်ဈေးနှုန်းကြီးမြင့်လာပြီးဝင်ငွေထွက်ငွေ မမျှတတော့ပဲ စီပွားရေးတွေလည်းမကောင်းတော့လို့ စားဖို့တောင်အနိုင်နိုင်ဖြစ်လာကြတော့ပျော်စရာတွေမရှိပဲအခက်ခဲတွေသာဖြစ်လာကြတော့တာပါ။"လို့ မြန်မာနိုင်ငံမှာ နေထိုင်သူတယောက်ကပြောပါတယ်။
 
ပြီးခဲ့တဲ့၂၀၂၄ခုနှစ်၊ ၁နှစ်တာအတွင်း ကမ္ဘာ့နိုင်ငံတွေထဲအပျော်ရွှင်ရဆုံးနိုင်ငံဟာ ဖင်လန်နိုင်ငံဖြစ်ပြီး ပျော်ရွှင်မှုရလဒ်အောက်ဆုံးအဆင့်ဖြစ်တဲ့နိုင်ငံက အာဖဂန်နစ်စတန်နိုင်ငံဖြစ်ကြောင်းသိရပါတယ်။
 
အာရှဒေသကနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံအဖြစ်အဆင့်၅၃ သတ်မှတ်ခံရကာ ထိုင်းနိုင်ငံကတော့ ဖိလစ်ပိုင်နဲ့ဗီယက်နမ်ရဲ့နောက်ကနေ အဆင့်၅၈ သတ်မှတ်ခံရတယ်လို့ ဖော်ပြထားပါတယ်။
 
ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံစစ်တမ်းကို ကုလသမဂ္ဂအစီရင်ခံမှုတွေကနေရယူကာ ၂၀၁၂ခုနှစ်ကစပြီး စစ်တမ်းကနေ ကုလသမဂ္ဂရဲ့ထောက်ပံ့မှုအတွက်နိုင်ငံရွေးချယ်မှုတွေပြုလုပ်လျက်ရှိရာ ယင်းစစ်တမ်းကို အောက်စဖို့ဒ်တက္ကသ်ုလ် ရဲ့ဦးဆောင်မှုနဲ့ တစ်ကမ္ဘာလုံးကအဖွဲ့တွေဖွဲ့စည်းပြီးပြုလုပ်ကြတယ်လို့သိရှိရပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026