NEWS

ကထိန်အလှူခံ အ​ကြောင်းပြပြီး  ​လော်စပီကာနဲ့ ဆောင်းဘောက်အလွန်အကျွံအသုံးပြုတာ​တွေရှိ​နေ

CoverLogo
520 Views

မြန်မာ့ရိုးရာ တန်​ဆောင်တိုင် ကထိန်ရာသီမှာ ကထိန်အလှူအတွက်  ​လော်စပီကာ နဲ့ ဆောင်းဘောက်တွေအသုံးပြုရာမှာလိုအပ်တာထက်ပိုမိုအသုံးပြုနေပြီး ဆူညံသံတွေကြောင့်စိတ်အနှောက်အယှက်တွေဖြစ်နေရတယ်လို့ပြည်သူတွေကပြောပါတယ်။ 

လက်ရှိမှာကထိန်အတွက်အလှူခံတာကိုအကြောင်းပြုပြီးအုပ်စုဖွဲ့အလှူခံထွက်တာ၊ သီချင်းတွေကျယ်လောင်စွာဖွင့်ပြီးကခုန်ပြတာ၊ သရုပ်ပျက်ဝတ်စားဆင်ယင်တာတွေနဲ့အလှူခံတာတွေလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ 

"အထိန်းအကွပ်မရှိဘူး။အင်္ဂလိပ်သီချင်းတွေကော၊မြန်မာ‌ ​ခေတ်‌​ပေါ်သီချင်းတွေကောကိုဖွင့်ချင်သလိုဖွင့်တယ်။ကကြတယ်။နတ်သီချင်းတွေလည်းပါတယ်။ဘေးတွဲဂါလီတွေနဲ့ကောကားနဲ့ပါပတ်ခံတာ။ပြဿနာက‌သူတို့ဆောင်းဘောက်သံကမခံနိုင်လောက်အောင်ဖြစ်နေတာ။နေ့ခင်းနေ့လည်းဆိုအသံကျယ်ကြီးတွေနဲ့လန့်တယ်။နောက်သရုပ်ပျက်ကပြတာနဲ့ကထိန်အတွက်အလှူခံတာတကယ်အမြင်မတင့်တယ်ဘူး"လို့ ရန်ကုန်၊ ​လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ 

အသံဆူညံတာ​ကြောင့် က​လေး​မွေးဖွားထားတဲ့ မိခင်​တွေ၊ ကိုယ်ဝန်​ဆောင်​တွေ၊ က​​​လေးငယ်​တွေနဲ့ အသက်ကြီးပိုင်း​တွေ အခက်အခဲဖြစ်​နေကြရလို့ အချိန် ကန့်သတ်ချက် ဒါမှမဟုတ် အဆမတန် ဆူညံ​အောင် မဖွင့်ဖို့ ​ပြောဆိုမှု​တွေရှိ​နေပါတယ်။ 

"ဖွင့်​နေတဲ့သီချင်း​တွေက အလှူနဲ့လည်း မသက်ဆိုင်ဘူး။ လမ်းတိုင်းလမ်းတိုင်းမှာ ဖွင့်ပြီးအလှူခံတာ​တွေ ​​၊ လော်စပီကာ​တွေငှားတာက  ကုန်ကျစရိတ်​တောင် များ​သေးတယ်၊ အဲ့ဒီလို ငှားမယ့် ပိုက်ဆံကိုလှူလို့ရတာပဲ ပြီး​တော့ အခုလုပ်ရပ်​တွေက ဗုဒ္ဓဘာသာဝင်​တွေရဲ့ လုပ်ရပ်မဟုတ်ဖူး" လို့ ဆူညံသံ​တွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့​နေ ပြည်သူတစ်ဦးက မှတ်ချက်​ပေးပါတယ်။  

ပြည်သူတွေကိုကထိန်အလှူခံရာမှာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်ဆိုင်တွေကိုအလှူခံထည့်ဖို့လိုက်ပြောတာ၊ အဆောင်ပိုင်ရှင်တွေကိုကထိန်အလှူခံထည့်ခိုင်းတာတွေလည်းရှိနေပါတယ်။ 

"အုပ်ချုပ်ရေးမှူးကလိုက်ကောက်တယ်။စေတနာရှိသလောက်ထည့်ပါပြောတယ်။နောက်အဆောင်ပိုင်ရှင်တွေကိုထွေအုပ်ရုံးမှာအစည်းအဝေးခေါ်ပြီးတစ်ဆောင်နှစ်သောင်းနှုန်းလှူခိုင်းတယ်ကြားတယ်"လို့ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးကပြောပါတယ်။ 

ပြည်သူအများစုဟာကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာကြောင့်စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေပါတယ်။ဒီအချိန်မှာကထိန်အလှူခံတွေအလွန်အကျွံလုပ်ဆောင်နေတာလည်းမသင့်တော်ဘူးလို့ဝေဖန်တာတွေရှိနေပါတယ်။ 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026