NEWS

ကိုရီးယား EPS စာမေးပွဲဖြေဆိုရန် သတ်မှတ်ရက်ထက်အချိန်ကြန့်ကြာနေမှုအပေါ် ကြေညာချက်ထုတ်ပြန်ပေးရန် လိုလားနေ

CoverLogo
2.8K Views

တောင်ကိုရီးယားအလုပ်အကိုင်(EPS)စာမေးပွဲကို မူလကပြုလုပ်ဖို့ကြေညာထားတဲ့ရက်ထက် နောက်ကျနေပေမဲ့ စာမေးပွဲကျင်းပနိုင်ခြင်းမရှိသေးတဲ့အပေါ် ကြေညာချက်တစ်စုံတစ်ခု ထုန်ပြန် ပေးရန် လိုအပ်နေတယ်လို့ ဖြေဆိုရန်စောင့်ဆိုင်းနေသူတွေက ဆိုပါတယ်။

"အခုစာမေးပွဲမလုပ်ပေးနိုင်သလို ဘယ်တော့လုပ်ပေးမယ်ဆိုပြီးတော့လည်း မကြေညာပေးဘူး။ဖြေမယ့်သူလူလေးသောင်းလောက်က သူတို့ရဲ့Page ကို အချိန်တိုင်းထိုင်ကြည့်စောင့်ကြည့်နေရင်း  မျှော်နေတာ။ ဘာမှမသိရဘဲဒီအတိုင်းစောင့်နေရတာ။ ဘာကြောင့်ရယ် ဘယ်တော့လောက်ဖြေဆိုမယ်ဆိုတာမျိုး ထုန်ပြန်ကြေညာပေးသင့်တယ်"လို့ အဲဒီစာမေးပွဲဖြေဆိုဖို့စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။

အဲဒီစာမေးပွဲကို သြဂုတ် ၁၆ရက်ကစပြီး ကျင်းပမယ်လို့ မူလကကြေညာခဲ့ပြီး ဖြေဆိုခွင့်လျှောက်ထားမှုတွေကို ဇူလိုင်လအတွင်း လက်ခံခဲ့ရာမှာ EPS စာမေးပွဲကိုဖြေဆိုဖို့ လျှောက်ထားသူဦးရေမှာ ၃၇,၀၀၀ ကျော်လေးသောင်းခန့်အထိရှိပြီး အများစုက နယ်အသီးသီးကနေ လာရောက်ဖြေဆိုကြရမှာဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော့်အထင်တော့ခုလကုန်လောက်တော့တစ်ခုခုထွက်လာမယ်လို့ထင်ပါတယ်။  ဒါပေမဲ့သူတို့ကသြဂုတ်၁၆ရက်ဆိုပြီးပြောထားတော့  တစ်ချို့နယ်ကနေလာဖြေမဲ့သူတွေကစောင့်နေရတာ အချိန်ကုန်စားရိတ်ကုန်ဖြစ်နေတာဆိုတော့  ထုန်ပြန်ချက်တစ်ခုခုတော့ထုတ်ပေးသင့်တယ်။ တစ်ချို့ကတော့နှစ်ကုန်အထိများသွားမလားမသိဘူးဆိုပြီး  ပြန်တဲ့သူကပြန်သွားတယ်"လို့ ဖြေဆိုခွင့်စောင့်ဆိုင်းနေသူတစ်ဦးကဆိုပါတယ်။

ယခုဖြေဆိုရမဲ့စာမေးပွဲဟာ ကုန်ထုတ်လုပ်ငန်းအတွက်လုပ်သား ၇၀၀၀ကျော်၊ ဆောက်လုပ်ရေး စိုက်ပျိုးရေးနဲ့မွေးမြူရေးအတွက် လုပ်သားနှစ်ထောင်ကျော် စုစုပေါင်းလုပ်သားတစ်သောင်းခန့်ကို ခေါ်ယူသွားမှာဖြစ်ပြီး အဆိုပါလုပ်ငန်းလုပ်ကိုင်နိုင်ရန်  ၀င်ရောက်စာမေးပွဲဖြေဖို့ လျှောက်ထားပြီး စောင့်ဆိုင်းနေကြသူတွေဟာလည်း ၃၇၀၀၀ကျော် လေးသောင်းခန့်အထိ ရှိနေတာပဲဖြစ်ပါတယ်။

MyanmarLabourNews
EPS


Related posts

Cover
Myanmar sunway ဖိနပ်စက်ရုံ အော်ဒါမရှိဘဲ ချုပ်ခိုင်းပြီး အလုပ်သမားများလျှော့ချနေလို့ စက်ရုံပိတ်သိမ်းနိုင်မလားဆိုပြီး မေးမြန်း
Mar 29, 2024
Cover
တရုတ်နိုင်ငံတွင် ဆန္ဒပြတောင်းဆိုမှု၊ ဦးဆောင်သူ မြန်မာအလုပ်သမားများအား အလုပ်ထုတ်
Mar 29, 2024
Cover
Myanmar Dihuali စက်ရုံ အလုပ်သမားများ သင်္ကြန်ပိတ်ရက် ရက်အစားလုပ်ကိုင်ပေးရသည့်အပြင် အချိန်ပိုအလုပ်ချိန်များမှ တရက်စာ ထပ်ဖြတ်ခံရ
Mar 27, 2024
Cover
လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခိုင်းစေနေဟုဆို
Mar 27, 2024
Cover
လုပ်ငန်းခွင်မှာ အထည်စံချိန်အလွန်အကျွံတောင်းခံ
Mar 24, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်တွေ ခွင့်ပြုပေးဖို့ အလုပ်သမားတွေတောင်းဆို
Mar 23, 2024
Cover
တရုတ်နိုင်ငံ SHANGCHENG Garment မှ မြန်မာလုပ်သား ၂၀၀ ခန့် နေရပ်ပြန်
Mar 22, 2024