NEWS

Myanmar Handsome အထည်ချုပ်စက်ရုံ တပတ် နာရီ ၂၀ ကျော် အချိန်ပို လုပ်ခိုင်း

CoverLogo
706 Views
 
Myanmar Handsome အထည်ချုပ်စက်ရုံက တပတ် နာရီ ၂၀ ကျော် အချိန်ပို လုပ်ကိုင်ခိုင်းတဲ့ အပြင် ခွင့် နားရက် မပေးတာကြောင့် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညပိုင်း ၉ နာရီအထိ အချိန်ပို မဖြစ်မနေ ဆင်းခိုင်းတယ်။ တနင်္ဂနွေတွေလည်း မဖြစ်မနေ လုပ်ခိုင်း တယ်။ ရှောင်တခင်ခွင့်တို့ ဆေးခွင့်တွေလည်း မပေးဘူး။ ”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စဉ် အချိန်ပို လေးနာရီ ပုံမှန်လုပ်ကိုင်ရပြီး တပတ် နာရီ ၂၀ ကျော် အချိန်ပိုလုပ်ကိုင်လို့ လုပ်ငန်းခွင် အတွင်း ‌မူးလဲတာ၊ ဆီးချုပ် ၊ ဝမ်းချုပ် စတဲ့ ကျန်းမာရေးပြဿနာတွေ အပြင် အားအင် ကုန်ခမ်းတာ၊ ပင်ပန်းနွမ်းနွယ်တာ စတာတွေ ခံစားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ညီမတို့ ည ၇ နာရီထိဆင်းရရင်တောင် တလ အချိန်ပို နာရီ ၆၀ ကျော်တယ်။ ည ၉ နာရီဆင်းရပြီး တနင်္ဂနွေနေ့ပါ ဆက်ဆင်းရရင် နာရီ ၈၀ ကျော်နေပြီ။ ညနက် ဆင်းရတယ်ဆိုတာ လုံခြုံရေးလည်း မကောင်းဘူး၊ ကျန်းမာရေးလည်း ထိခိုက်ရတယ်။” အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
စက်ရုံဘက်က တလအတွင်း နားရက် တနင်္ဂနွေ ၃ ပတ် ဆက် လုပ်ကိုင်ခိုင်းတာကြောင့် တလမှာ နားရက် တရက်တည်းသာ ရရှိနေတယ်လို့ ပြောပါတယ်။
 
၁၉၅၁ ခုနှစ်အလုပ်ရုံများ အက်ဥပဒေမှာ တပတ်လျှင် အချိန်ပိုနာရီ(၂၀)ထက် ကျော်လွန် ခိုင်းစေခွင့် မရှိသလို အလုပ်သမားတွေရဲ့ သဘောဆန္ဒပါမှ အချိန်ပို ခိုင်းစေရမယ်လို့ ပြဌာန်းထားပါတယ်။
 
စက်ရုံအတွင်း အပူရှိန်ပြင်းထန်တာကြောင့် ချွေးထွက်လွန် မူးလဲတာ၊ ဖျားနာတာတွေ ဖြစ်ပွားနေပေမဲ့ ဆေးအလုံအလောက် မရှိတာကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေတွေ ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိတယ်လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အလုပ်သမားတွကို စက်ရုံဘက်က EC စာချုပ် ချုပ်ဆိုထားတာမရှိသလို့ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ WCC ကိုလည်း ဖွဲ့စည်းထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Handsome စက်ရုံက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးစက်မူ‌ဇုန် မှာ ရှိပြီး POVV , Sank တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026