NEWS

Rainbow Tec Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်ကျော်သည်အထိ လစားအဖြစ် မခန့်

CoverLogo
574 Views
 
Rainbow Tec Myanmar စက်ရုံက အလုပ်သမားအသစ်တွေခေါ်ယူရာမှာ အစမ်းခန့်ကာလ ၃လ လို့ ပြောပေမဲ့ လုပ်သက် တစ်နှစ်ပြည့်တဲ့အထိ လစားလုပ်သားအဖြစ် အမြဲတန်းခန့်ထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံက အလုပ်သမားခေါ်တယ်။ စာချုပ် ချုပ်တယ် ။ စာချုပ်ပါ အကြောင်းအရာတွေ ဖတ်ခွင့်မရဘူး။ လက်မှတ် ထိုးဆို ထိုးရတယ်။ အစမ်းခန့်ကာလ ၃ လခန့်တယ်။ အစမ်းခန့် ကာလ ပြည့်ရင် လစားအဖြစ် ပြောင်းပေးမယ် ပြောတယ်။ တကယ်ပြည့်တော့ လစားအဖြစ် ပြောင်းမပေးဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စားလုပ်သားအဖြစ် ၃လပြည့်ပါက အလုပ်ထုတ်ပြီး အလုပ် ဆက်လုပ်နိုင်ဖို့ လုပ်သားအသစ် အနေနဲ့ စက်ရုံကို ပြန်လည်လျှောက်ထားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လစား အလုပ်သမား မဖြစ်ဘဲ နေ့စား အလုပ်သမားအဖြစ် ဆက်တိုက်လုပ်ကိုင်ရတာကြောင့် ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။
 
“ဆက်လုပ်ချင်ရင် အသစ်ကနေ ပြန်လျှောက်၊ အစမ်းခန့်ကာလဆိုပြီး ၃လပြန်ခန့်တယ် ။ အဲလို လုပ်နေတာ လုပ်သက် တစ်နှစ်ပြည့်တဲ့ အလုပ်သမားတွေ ရှိတယ်။ အခုအထိ လစား မဖြစ်ဘူး ။ ဥပဒေကို လက်တလုံးခြားလုပ်ပြီး နေ့စား အလုပ်သမားတွေကို မတရားသဖြင့် နည်းမျိုး စုံနဲ့ ဖိနှိပ် တယ်။ နေ့စားအလုပ်သမားဆိုတော့ ဥပဒေပါ အခွင့်အရေး ခံစား ခွင့် ၊ ရပိုင်ခွင့်တွေ ဘာမှမရတော့ဘူး။ မလိုအပ်တာနဲ့ ချက်ချင်း အလုပ် ဖြုတ်တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံလုပ်ငန်းခွင်အတွင်း သန့်ရှင်းရေးမလုံလောက်တာကြောင့် သန့်စင်ခန်းတွေ ပြည့်လျှံပြီး အနံအသက်တွေထွက်ပေါ်နေလို့ အလုပ်သမားတွေ အသုံးပြုမရအောင် ဖြစ်နေတယ်လို့ သိရပါတယ်။
 
“စက်ရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုလည်း အလုံအလောက် မရှိဘူး ၊ ထမင်းစားတဲ့ နေရာဆိုလည်း လျှောက်လမ်းကျဥ်းကျဥ်းလေးမှာ ၊ အဲမှာ ထိုင်စားရတယ်။ နေ‌ပူပူ မိုးရွာရွာ အဲနေရာမှာပဲ စားရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Rainbow Tec Myanmar အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ( ၂ ) ၊ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။ လက်ရှိ စက်ရုံ လုပ်သား ၁၀၀၀ ကျော်က Sinsay ၊ KARRIMOR တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM က ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026