NEWS

Myanmar Jiale Fashion စက်ရုံ လစာပြန်ပေး၊ အလုပ်သမားများ လစာအတွက် စိုးရိမ်မှု ရှိနေ

CoverLogo
495 Views
 
Myanmar Jiale Fashion အထည်ချုပ်စက်ရုံက မေ ၇ ရက် ညပိုင်းမှာ ဧပြီလအတွက် လုပ်ခလစာ ထုတ်ပေးခဲ့လို့ မေလ ၈ ရက်မှာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ မေလ ၅ ရက်မှာ စက်ရုံဘက်က တာဝန်ရှိတဲ့အတိုင်း လုပ်ခလစာမပေးခဲ့တာကြောင့် အလုပ်သမားတွေက လုပ်ငန်းခွင် ရပ်ဆိုင်းပြီး လစာရဖို့ စောင့်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
 
“ ည ၇ နာရီလောက်မှာလစာတွေ အားလုံးရသွားတယ်။ နောက်နေ့တော့ အလုပ်တွေပြန်လုပ်ကြတယ်။ အခုထိ စက်ရုံပိုင်ရှင်က ဘယ်သူဘယ်ဝါဆိုတာ အလုပ်သမားတွေ မသိကြဘူး။ စက်ရုံတာဝန်ခံ ကေဗင်ကလည်း သူမဟုတ်ဘူးလို့ပဲ ပြောတာ ၊ သူဌေး ဘယ်သူဆိုတာ မပြောဘူး။ တခုခုဆို ဘယ်သူ တာဝန်ခံ ဖြေရှင်းမလဲ၊ ဒါကို စိုးရိမ်နေ ကြပြီ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လစာ ထုတ်ပေးပြီးနောက် အလုပ်ထွက် အလုပ်သမားအရေအတွက်များပြားရှိပြီး အခုလို ၂ ရက်ကြာတဲ့အထိ လုပ်ခလစာ မရတာမျိုး မကြုံခဲ့ရပေမဲ့ အချိန် နောက်ကျတာမျိုး ကြုံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်လိုင်းတွေမှာ အလုပ်သမားတွေ မရှိကြတော့ဘူး။ ချောင်နေတယ်။ စက်ရုံကို ယုံကြည်မှုပျက်သွားတာ။ ညီမတို့ ဆက်လုပ်နေပေမဲ့ ဒီလိုကြုံဦးမလားဆိုပြီး စိုးရိမ်နေတယ်။ ဘယ်လို စက်ရုံ မဆိုလုပ်နိုင်တဲ့ ကျွမ်းကျင်တဲ့ အလုပ်သမားတွေကတော့ အလုပ်ထွက်ကြတာပါ။ လစာအချိန်နောက်ကျတာ ဒီတနှစ်ထဲမှာ လေးကြိမ် ကြုံခဲ့ရတယ်။ အဲလို နောက်ကျတာကို အချိန်ပိုခေါ်သလိုလိုနဲ့ ဖုံးကွယ်ခဲ့တာ။ ဒါကို အလုပ်သမားတွေက သိတာပေါ့” လို့ ပြောပါတယ်။
 
စက်ရုံအလုပ်သမားတွေရဲ့ လစာထုတ်ရက်က လစဉ် လဆန်း ၅ ရက် ဆိုတာ အားလုံးသိရှိတဲ့အပြင် ဒီရက်မှာ အလုပ်သမားတွေက အိမ်လခ၊ အဆောင်ခ၊ စားကျွေး၊ ပေးစရာ ရှိတာ ပေးချေကြတာ ဖြစ်ပါတယ်။ ဒီလို ပေးစရာရှိတာ မပေးနိုင်ပါ လူမှုဖိအားတွေ ကြုံတွေရတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Myanmar Jiale Fashion အထည်ချုပ်စက်ရုံက စက်ရုံ ၁/ ၂ ဆိုပြီး နှစ်ရုံရှိပြီး အခုလို လုပ်ခလစာမရတာကို စက်ရုံ နှစ်ရုံ
လုံးမှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လစာ ပြန်ထုတ်ပေးရာမှာလည်း နှစ်ရုံလုံး အတူ ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း၊ အလယ်ရွာမှတ်တိုင်အနီးက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Photo - Myanmar Jiale Fashion စက်ရုံ ၁

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026