NEWS

ခွင့်ပြန် EPS လုပ်သားများ ထွက်ခွာခွင့်အမည်စာရင်း ပါရှိမှသာ ပြည်ပကို ပြန်ထွက်နိုင်မည်ဟုဆို

CoverLogo
527 Views
 
တောင်ကိုရီးယားနိုင်ငံ က ခွင့်ပြန် EPS မြန်မာ လုပ်သားတွေ အနေနဲ့ ထွက်ခွာခွင့် ကို အလုပ်သမားဝန်ကြီးဌာနရဲ့ safe Migration တယ်လီဂရမ်မှာ အမည် စာရင်းပါရှိ မှသာ ပြည်ပကို ပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ safe Migration မှာ မေ ၇ ရက်မှာ အသိပေး ကြေညာထားပါတယ်။
 
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် သွားရောက်တဲ့ EPS လုပ်သားတွေ အနေနဲ့ မိခင်နိုင်ငံ သို့ ခွင့်ပြန်လာပါက POEA ရုံး ကို မပျက်မကွက် သတင်းပေးပို့ရမယ်လို့ အသိပေးကြေညာထားပါတယ်။
 
အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီ က တစ်ဆင့် ခွင့်ပြန် လုပ်သားတွေ ရဲ့ပြည်ပထွက်ခွာခွင့်ကိုအစိုးရ ပြည်ပ အလုပ် အကိုင် အေဂျင်စီ ဆီ ထံ သတင်း ပို့ထား တဲ့ ရက်စွဲ၊ အချိန် ပါရှိ တဲ့ တန်းစီ ဇယား စနစ် နဲ့ စိစစ် ခွင့်ပြုပေးနေတယ်လို့ဆိုပါတယ်။
 
ဒါကြောင့် ပြန်လည်ထွက်ခွာခွင့်ကို safe Migration တယ်လီဂရမ် မှာ နာမည်စာရင်း ပါရှိမှသာ ပြည်ပကိုပြန်လည်ထွက်ခွင့် ရရှိနိုင်မယ်လို့ အသိပေးကြေညာထားပါတယ်။
 
လက်ရှိမှာ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ပို့ဆောင်တဲ့ လုပ်သားတွေသာမက ပုဂ္ဂလိက အေဂျင်စီ မှ သွားရောက်မယ့် လုပ်သားတွေ၊ ခွင့်ဖြင့် ပြည်ပက ပြန်လာသူတွေ နဲ့ မိမိအစီစဉ်နဲ့ သွားရောက်မယ့် လုပ်သားတွေ အားလုံး အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရမှာသာ ပြည်ပကို ပြန်လည် ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။
 
အခုလို ခွင့်ပြုချက် တောင်းခံနေရတဲ့ အတွက် အချိန်ကြန့်ကြာ မှု တွေ ဖြစ်ပေါ်ပြီး ခွင့်ပြန်အပါအဝင် ပြည်ပထွက်ခွာမယ့် လုပ်သားတွေ မှာ ဆုံးရှုံးနစ်နာမှု တွေ ဖြစ်ပေါ်နေတယ်လို့ သက်ဆိုင်ရာ လုပ်သားတွေထံ မှသိရပါတယ်။

Related posts

Cover
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းမှ မြန်မာလုပ်သား ၂၀၀ ကျော် ထိုင်းနိုင်ငံအတွင်း ပထမဆုံး အကြိမ် တရားဝင် အလုပ်လုပ်ကိုင်
Nov 07, 2025
Cover
ဓါတုသိုလှောင်ကန် ပေါက်ကွဲ မှု ကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သားနှစ်ဦးအတွက် နစ်နာကြေး ထိုင်းဘတ် ၂သန်းကျော် ရရှိ
Nov 07, 2025
Cover
ကားအနောက်ဘက်တွင် တာလပတ်ဖြင့် ဖုံးအုပ် ခေါ်ဆောင်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ
Nov 07, 2025
Cover
အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးမှ ထိုင်းအလုပ်ရှင်ကို တရားစွဲမည်
Nov 06, 2025
Cover
၅ ရက်အတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၆၀ ကျော် အဖမ်းခံရ
Nov 06, 2025
Cover
ပန်းရောင်ကတ်ပြန်ဖွင့်ရန် ပြည်ထဲရေးဝန်ကြီးဌာနစီစစ်နေ
Nov 06, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၄၇ ဦး ကို စစ်ကော်မရှင်ထံလွှဲပို့
Nov 05, 2025
Cover
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကျော် အဖမ်းခံရ
Nov 05, 2025